နင်ပေးခဲ့တဲ့ အချစ်တွေက
ငါသိပ်ကြိုတ်တဲ့ ပီကေလို
ဝါးကာစမှာ ချိုမြိန်မှုကိုပေးခဲ့ပေမဲ့
နောက်ပိုင်းမှာ အချိုဓာတ်တွေကုန်
ပါးညောင်းတာပဲ အဖတ်တင်သလို...။
ဇာတ်သိမ်းပိုင်းကိုသိလျက်
အမှတ်မရှိချစ်ခဲ့မိတဲံ ငါ့အဖြစ်ကလည်း
ချိုမြိန်ခြင်းကို မြည်းစမ်းကြည့်ရင်း..
အချိန်မှာပီကေလို
စွန်လွတ်ပစ်ရမှာသိပေမဲ့
မာကျောသွားတဲ့အထိ
ထွေးမထုတ်ပစ်ရက်သေးတာ
ပိုးဖလံမျိုး မီးကိုတိုးချင်တဲ့
ငါ့ရဲ့အကြီးမားဆုံး အားနည်းချက်ပေါ့...။
ဒါပေမဲ့
နင်သိထားဖို့ပြောချင်တယ်
ပီကေတွေကိုမျိုချဖို့အထိတော့
ငါမိုက်ရူးရဲမဆန်သေးပါဘူး...
*လူသစ်ရှင်*
No comments:
Post a Comment