Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ ရဲ့ Blogspot လေးကို လမ်းကြုံလို့ပဲဖြစ်ဖြစ် တကူးတက လာရောက်လည်ပတ်ပေးတာပဲဖြစ်ဖြစ် သူငယ်ချင်းများနဲ့မိတ်ဆွေများအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်ရှင်.... နောက်များလဲ အချိန်ရရင်ရသလိုလာရောက်လည်ပတ်နိုင်ပါတယ်..း) ကျန်းမာပျော်ရွှင်သောနေ့ရက်လေးတွေကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်...
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Friday, 18 January 2013

♥...အချစ်ရဆုံးသော အချစ်ဆုံး ချစ်သူ...♥

❤ OSC@R ❤ | 17:46 | Best Blogger Tips

မျော်လင့်ချက်ပေးပြီး
ရှောင်ပုန်းနေတဲ့ချစ်သူ
ဝေဒနာတွေ ပေးပြီးမှ
နှင်ထုတ်ခဲ့တယ်
ဒဏ်ရာဗရပွနဲ့
နာကြင်စေခဲ့ပြီးမှ
အဝေးထွက်သွားခဲ့တာ
ရက်စက်လွန်းလှပါတယ်ဟာ
ခံစားချက်များစွာပေးပြီမှ
လစ်လျူရှု့ခဲ့ပြီလား
ချစ်တတ်အောင်
သင်ပေးခဲ့သလို
လွမ်းခဲ့အောင်လည်း
တမင်ဖန်ဆင်းခဲ့တယ်
ငါ့နှလုံးသားကို နာကြင်အောင်
ဆော့ကစားပြီးမှ အပြစ်မရှိသလို ဟန်ဆောင်နေ့မှာလားချစ်သူ
ရိုးသားစွာဝန်ခံရရင်
အမှတ်မရှီတဲ့ ငါ့နှလုံးသားက
အချစ်မရှိတဲ့ နင့်အပေါ်မှာ
တွယ်တာစွာချစ်မိနေခဲ့ပြီးမှ
ခံစားချက်မရှီတဲ့ ကျောက်ရုပ်တရုပ်လို
နင့်ရှေ့ဒူးထောက် ခစား
နေရတော့မှာလား..?
တကယ်တမ်းတော့ နင်လည်းငါ့လိုပဲ
အသည်းနှလုံးရှိတဲ့
လူသားတစ်ယောက်ပါ ငါ့လိုပဲ တန်ပြန်သက်ရောက်တဲ့
ခံစားချက်မျိုးကို ဘယ်တော့မှ
မကြုံတွေ့ပါစေနဲ့လို့ ငါဆုတောင်းလိုက်ပါတယ်။
အသည်းနစ်အောင် ချစ်ခဲ့မိသလို
သေလောက်အောင်လည်း
လွမ်းနေမိတယ်
ဖြစ်နိုင်မယ်ဆိုရင်
ငါ့ရှေ့နောက်တစ်ခေါက်
အရောက်လာပေးခဲ့နိုင်မလား ချစ်သူ
မျော်လင့်ချက်များစွာနဲ့ နင့်ကိုငါ လက်ကမ်းကြိုဆိုချင်သေးလို့ပ
အဲအချိန်ကျလို့ရှိရင် ငါတို့တွေ
ဘယ်တော့မှ မခွဲကြေးနော်.....။


Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ

Thursday, 20 December 2012

♥...ဇာတ်လမ်းတစ်ပုဒ်ရဲ့ နိဂုံး...♥

❤ OSC@R ❤ | 18:09 | Best Blogger Tips
 
ကဗျာဆိုတာ နှလုံးသားရဲ့
သွေးစက်တစ်ချို့.....
စာသားတိုင်းက အလွမ်းနဲ့စမှတော့..
အလွမ်းနဲ့အဆုံးသတ်တာ
မဆန်းပါဘူးလေ......
အချစ်ကို ရိုးမယ်ဖွဲ့ ကံကြမ္မာကိုအပြစ်ပုံချပြီးမှ
ရှေ့ဆက်မဖြစ်နိုင်ဘူးလို့ ပြောလိုက်တဲ့
နင့်ရဲ့စကားတွေက.......
အလိမ်ညာစကားတွေချည်း သတ်သတ်ပဲ
မချစ်မှတော့လမ်းခွဲရုံပဲရှိတော့တာပေါ့....
လွမ်းရဲရင် လမ်းခွဲလိုက်ဆိုပေမဲ့
မလွမ်းရဲပဲ လမ်းခွဲမယ်လုပ်တဲ့ နင့်ရဲ့လုပ်ရပ်က
ငါ့အတွက်.....အဖြေရှာမရခဲ့ဘူး.....
ငါ့တို့နှစ်ယောက်မှာ..ဘယ်အကြောင်းတရားက
တားဆီးနေခဲ့တာလည်း...ငါမသိခဲ့ဘူး...?
အခုချိန်မှာတော့..ငါနင့်ကို
လွမ်းတော့လွမ်းပါရဲ့...တမ်းတခွင့်မရှိတာခက်တယ်..
ချစ်တော့ချစ်သေးပါရဲ့....ပိုင်ဆိုင်ခွင့်မရတာ ရင်နာတယ်
ငါတို့နှစ်ယောက်ဇာတ်လမ်း နိဂုံးချုပ်ဖို့အတွက်.
အမုန်းတစ်ခုနဲ့ လုပ်ဇာတ်တစ်ခုကိုငါဖန်တီးဖြစ်ခဲ့မယ်ဆို
နင်ငါ့ကို...အပြုံးလေးတစ်ပွင့်နဲ့အပြီးပိုင်
နှုတ်ဆက်သွားပေးမှာလား..ချစ်သူ
အဲဒီလိုမှ ငါမလုပ်ရင် နင်နဲ့ငါ့ရဲ့ အနာဂတ်က...
မာန်မာနနဲ့ အချစ်တွေကြားမှာ ထာဝရ
ဆုံးရှုံးခြင်းတွေပဲ သိမ်းပိုက်ခွင့်ရတော့မယ်ထင်တယ်...

Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ


Monday, 15 October 2012

ကုသခြင်း သည်းခံပါ

❤ OSC@R ❤ | 20:14 | Best Blogger Tips
နှစ်ရှည်လများ
မွေးထားတာကြာပေါ့
တလေးတစားထားခဲ့မိတယ် ….

အင်းပေါ့လေ
အပြင်းတော့ပြေသလိုပဲ
ရင်ထဲမှာတော့မခံသာ
နင်လဲလာကြည့်နိုင်တာမှမဟုတ်တာ ….

တစ်နေ့ထက်တစ်နေ့
ရင်ငွေ့တွေခမ်းခြောက်လို့
မြင်တွေ့နေကျပုံရိပ်လေး
အိမ်မက်တွေပေးခဲ့အပြီးမှာ ….

ပုံပြင်ဟောင်းကို တူးဆွခြင်း

❤ OSC@R ❤ | 20:10 | Best Blogger Tips


ဆူးခြစ်ရာတွေကြားမှာ
သွေးထွက်နာတွေများစွာနဲ့
အေးစက်နာကြင်နေတဲ့အသည်းကို
မေးရက်တယ်နင်မို့ ….

အချစ်တဲ့လား
အနှစ်မဲ့စကားအဖြစ်နဲ့
ရိသဲ့သွားခဲ့သူရယ်
သိရဲ့သားနဲ့ရှောင်တယ် ….

အပြစ်မပြောပါဘူး
နှစ်မွန်းကာရူးသွပ်ပြီမို့
ဆက်ပြောစရာပုံပြင်အဖြစ်
တစ်သက်လွမ်းစရာချန်ရစ်ခဲ့မယ် ….

Friday, 12 October 2012

အစားထိုးထားတဲ့ ကာရံ

❤ OSC@R ❤ | 21:18 | Best Blogger Tips

ငါ့အပေါ်ရည်ရွယ်မထားတဲ့
နားလည်လိုက်လျောမှုတွေနဲ့
အပေါ်ယံကြင်နာခြင်းတွေရဲ့ကြားမှာ
သာယာသွားခဲ့တာလားဟင် ….

ငါ့ဆီကထွက်သွားတဲ့အပြုံးချိုချို
လူတကာကို ပေးဝေပြီးနောက်
မင်းဆီရောက်တာတဲ့
ယုတ္တိမဲ့အကြာင်နာ
ချစ်သူထက်ပိုသတဲ့လားကွယ်
တစ်ကယ့်တစ်ကယ်သာ
သူ့ချစ်သူနေရာခံစား
မင်း ဘယ်လိုသဘောထားမလဲ ….

နားလည်မှုကိုအယုံလွယ်
ယုန်သူငယ်လိုကျက်စားရင်း
ချဉ်းကယ်လာတဲ့မာယာတွင်း
နင်သက်ဆင်းဖို့တပြင်ပြင်နဲ့လေ ….

စွန့်ခွါသွားတဲ့ လမင်းလေးသို့

❤ OSC@R ❤ | 19:41 | Best Blogger Tips

လမင်းထွက်လို့
ညခင်းဖြစ်လာတာမဟုတ်ပါ
ညဖြစ်လို့ လထွက်နိုင်တာဖြစ်တယ် ….

အချိန်ကျတိုင်း ညရှိပေမယ့်
ညတိုင်းမှာ လမရှိခဲ့ဘူးလေ ….

ညခင်းကို လမင်းက ပိုင်ပါတယ်
ညကဗျာမှာ လမင်းသာခဲ့
ညအလင်းကို လမင်းကပေးခဲ့သလို
ညအဓိပ္ပါယ်ကို လမင်းက ဆေးချယ်ခဲ့ပါတယ် ….

ညခင်းကသာ လမင်းကိုစောင့်ရတာ
သူမလာတဲ့ညဟာငြိမ်သက်
အသက်မဲ့ခဲ့ရက်များပေါ့
တိမ်မဲတွေကြား ဆော့ကစား
ညအားစွန့်ခွါရင်း
လမင်းခရီးမလွန်စေချင် ….

Thursday, 11 October 2012

♥... ကျေးဇူးပဲချစ်သူ...♥

❤ OSC@R ❤ | 04:13 | Best Blogger Tips


နင်ပြောတော့
ငါ့ကိုတကယ်ချစ်ခဲ့တာပါဆို..
ဘာလို့ငါ့ကိုလိမ်ညာခဲ့ရတာလဲဟာ..

နင့်အတွက်ငါ အရမ်းစိတ်ပူနေမိတယ်
ဘာလို့လဲသိလား.....?
ငါ့ကိုချစ်ဟန်ဆောင်ပြီး
လက်တွဲခဲ့ရတဲ့တစ်လျှောက်မှာ

ငါ့ကိုယ်နင်လိမ်ညာခဲ့တာထက်..
နင့်ကိုယ်နင်လိမ်ညာခဲ့ရတာ
ပင်ပန်းမနေလွန်းဘူးလား ချစ်သူရာ

နင်နဲ့ပတ်သက်ပြီး အရာအားလုံး
စိုးရိမ်စိတ်တွေရှိတဲ့ ငါ့အတွက်တော့
နင်ထားသွားလည်းဝမ်းမနည်းပါဘူး

Thursday, 20 September 2012

♥...အချစ်ဆိုတာ...♥

❤ OSC@R ❤ | 20:18 | Best Blogger Tips
နှလုံးသားကို
အချစ်ကတိုက်စားခဲ့သလို
အချစ်ကို မျော်လင့်ချက်ကအရောင်လွင့်စေခဲ့ပြီ...။
လွမ်းဆွတ်မှုကိုသာ
အမုန်းတွေနဲ့ နင်းချေပစ်ခဲ့ရင်
တမ်းတမှုဆိုတာ ဟိုးးးးအဝေးကြီးမှာပါချစ်သူ...။
မချစ်နိုင်လို့ စွန့်ပစ်ချင်သူကို
နေပါလို့ တားဆီးလို့မှမရတော့တာ
တကယ်ဆို ငါလည်းနင့်အပေါ်
စစ်မှန်တဲ့ ချစ်ခြင်းနဲ့ ချစ်ခဲ့မိတာပါပဲ...။
ဒါပေမဲ့ဟာ
အချစ်ဆိုတာ ငါ့အတွက်
ခါးသီးခြင်းရဲ့နိယာမတစ်ခုပဲ

Wednesday, 19 September 2012

♥...မဆုံစည်းနိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်း...♥

❤ OSC@R ❤ | 21:03 | Best Blogger Tips


အလွမ်းတွေသိမ်းဆည်းလျှက်နဲ့
ဘာကြောင့် မေ့ပစ်ချင်ရတာလဲကွယ်
လမ်းမခွဲကြေးလို့ ကတိထားခဲ့ကြတာတောင်
နားလည်မှုနဲ့ အဆုံးသတ်ခဲ့ရသေးတာပဲနော်...

နင့်အပေါ်ချစ်ခဲ့မိတာ ကျရှုံးခြင်းလို့ဆိုရင်
ငါရဲ့ကျရှုံးမှုအတွက် နင်ပျော်နေနိုင်မှာပါလေ
မျက်ရည်မကျဘူးလို့ အားတင်းထားရင်တောင်မှ
အလိုလိုစီးကျတဲ့မျက်ရည်စတွေကို
ပြန်ရုတ်သိမ်းလို့မှမရတာ..

အစကတည်းက နင့်ကိုရှုံးဆုံးရမယ်ဆိုတာသာ
ငါကြိုသိခဲ့မိရင် နင့်အပေါ်သံယောဇဉ်အခိုင်အမာထားပြီး
မချည်နှောင်ခဲ့ပါဘူး
ရင်ထဲသိမ်းဆည်းရင်းနဲ့ပဲ
တိတ်တဆိတ်ချစ်နေခဲ့ပါတယ်...

အခုချိန်မှာ....
မျဉ်းပြိုင်နှစ်ကြောင်းလိုဖြစ်နေတဲ့
ငါတို့နှစ်ယောက်အတွက်
လမ်းခွဲတာဘဲ.ကောင်းပါတယ်
နင်မှငါ့ကိုအလိုမရှိတော့တာ..

♥...ချစ်သူရေ...♥

❤ OSC@R ❤ | 20:49 | Best Blogger Tips
ချစ်သူရေ

တစ်ခါတစ်လေ
စိတ်ပျက်ဖို့ကောင်းလောက်အောင်
နင့်အပေါ် စိတ်ညစ်စရာလေးတွေရှိခဲ့ဖူးတယ်

တစ်ခါတစ်လေ
အတ္တဆန်တဲ့စိတ်တွေနဲ့
နင့်အပေါ်မှာ အနိုင်ယူလိုက်ချင်မိရဲ့

တစ်ခါတစ်လေ
အထီးကျန်ဆန်တဲ့ညတွေထဲကနေ
ရုန်းထွက်လွတ်မြှောက်ချင်နေခဲ့တယ်

တစ်ခါတစ်လေ
တမ်းတတဲ့စိတ်ကလေးနဲ့တောင်
နင့်ကိုတကူးတက မလွမ်းချင်တော့ဘူး

တစ်ခါတစ်လေ
အလွမ်းဆိုတဲ့စက်ဝန်းထဲမှာပဲ တစ်ယောက်တည်း
တိတ်တဆိတ် ပုန်းအောင်းနေလိုက်ချင်တယ်

♥...အလွမ်းရပ်ဝန်း...♥

❤ OSC@R ❤ | 20:39 | Best Blogger Tips

ရင်ထဲမှာ မြိုသိမ့်ထားရတဲ့အချစ်တွေကို
နင်မြင်နိုင်မလားချစ်သူ
ရင်အကွဲခံပြီး လမ်းခွဲပေးခဲ့ရသလို
ချစ်လျှက်နဲ့ မချစ်သလိုနေပေးခဲ့ရတယ်
ဒဏ်ရာ ဗရပွနဲ့ နှလုံးသားရဲ့
ခံစားချက်ကို မျက်ကွယ်ပြုမိတဲ့ငါ့မှာတော့
အလွမ်းဇာတ်ရုပ်ကို လူမမြင်အောင်
ပြုံးပျော်ချင်သယောင် ဟန်ဆောင်ကပြရဦးမှာပေါ့
ချစ်သူ နင်ယုံကြည်နိုင်မလား
ငါ့ရင်ထဲမှာ နင့်ကိုလွမ်းမိခြင်းက
အလွမ်းသီအိုရီမြှောက်မြားစွာနဲ့
တခမ်းတနားပါပဲ...
တကယ်ဆိုရင်.....
နင်ပျော်ဖို့အတွက်သာ ငါ့နှလုံးသား
ဖြန့်ခင်းပေးလိုက်ရပေမဲ့
အလွမ်းဆိုတဲ့ ရပ်ဝန်းထဲမှာ
ငါ့တစ်ယောက်တည်း တ၀ဲလှည်လှည်ဖြစ်နေမှာတော့
တွေးကြောက်နေမိတယ်...

Tuesday, 14 August 2012

♥.....2012 မော်ဒန်အချစ်.....♥ :P

Oscar Chitthu | 19:35 | Best Blogger Tips

ကြင်နာယစ်မူးချစ်ဦးသူ ငါ့ရဲ့စိတ်ကိုအပိုင်သိမ်းယူ
ချစ်ခင်စုံမက်စွဲလန်းရစ် မင့်ရဲ့အကြည့်ကြောင့်ငါသိပ်ချစ်
တမ်းတမိတဲ့ငါ့နှုတ်ခမ်းဖျား မင်းကိုလွမ်းတယ်နေ့ရက်မခြား
သိပ်သိပ်ချစ်တယ်ချစ်သူရယ် အများနဲ့မတူတဲ့အချစ်နဲ့ကွယ်
သံယောဇဉ်တွေတစ်ဆင့်တိုး မင်းကငါ့ရဲ့အချစ်ဆုံး
သိပ်သိပ်လွမ်းတယ်ချစ်သူရယ် မင့်နဲ့ဝေးတဲ့အချိန်တွေရယ်
တနယ်စီဝေးလည်းချစ်တဲ့စိတ် ရှင်သန်နေမယ့်ငါ့ရဲ့စိတ်
အချိန်တွေကြာတော့ပိုပိုချစ် မင့်ကငါ့ရဲ့နံပါတ်တစ်

Wednesday, 1 August 2012

♥....မုန်းလို့မရတဲ့ ကျွန်မချစ်သူ.....♥

❤ OSC@R ❤ | 02:04 | Best Blogger Tips


ငါချစ်တာ နင်ဆိုပေမဲ့
နင်ချစ်တာ ငါမှမဟုတ်ခဲ့တာ..
ငါလွမ်းတာ နင်ဖြစ်နေပြန်တော့လည်း
နင်လွမ်းတာ ငါမဟုတ်ခဲ့ပြန်ပါဘူး...
ငါ့အတွက် နင်ကအရေးပါပေမဲ့
နင့်အတွက်ငါက အဖြည့်ခံတစ်ယောက်မျှသာ...

ငါ့ခံစားချက်ကိုဥပက္ခာပြုတတ်တဲ့ နင်
နင့်ခံစားချက်ကိုအလေးအနက်ထားတတ်တဲ့ ငါ
နင် နဲ့ ငါဆိုတဲ့ မျဉ်းပြိုင်နှစ်ကြောင်းမှာ
ဘာအကြောင်းတရားကို ယိုးမယ်ဖွဲ့ရမလဲ?

အစကတည်းက ငါ့အပေါ်
ဘယ်လိုမှ မချစ်နိုင်မှန်းသိနေခဲ့ရင်
ရှေ့ဆက်ပီးတော့ သံယောဇဉ်တွေမပေးပဲ
နောက်ထပ် ၀မ်းနည်းမှုတွေကိုပါ
နင်နဲ့ တစ်ပါတည်းယူဆောင်သွားခဲ့ပေးပါလား
မချစ်နိုင်ခဲ့မှတော့ နင့်ရဲ့ရင်တွင်းခံစားချက်ကို
မလိမ်ညာပဲနဲ့ ငါ့ကိုထားရစ်ခဲ့ပါချစ်သူ

အခုချိန်မှာ ငါကနင့်ရဲ့ချစ်သူလို့
သတ်မှတ်ထားပေမဲ့ နင့်ရင်ထဲမှာငါမှမရှိခဲ့တာ..
ချစ်ဦးသူကို ရင်ထဲသိမ်းထားပြီး
ငါ့အပေါ်ဟန်ဆောင်ချစ်ပြနေခဲ့တာ
နင်လည်းပင်ပန်းလောက်ရောပေါ့....

♥....ဒုက္ခမြေပေါ်ပျိုးတဲ့ပန်း.....♥

❤ OSC@R ❤ | 01:52 | Best Blogger Tips
အမြင်အားဖြင့် မခန်းပေမယ့်
တင်စားဖြစ်တဲ့အသွင်
အထင်မှားချင်လည်းမှားစေတော့ ….

ခြောက်သွေ့ကြေမွ
နေသားမကျတဲ့မြေမှာ
မှီတွယ်စရာအဆီအနှစ်
ပေဆက်ဖို့မလုံလောက်နိုင် ….

အသွင်ဆန်းကျယ်
မျိုးကျလွယ်တဲ့
တွယ်ရာမဲ့အရင်းအမြစ်
ငါ့မြေမှာဆင်းသက်ရှင်သန်ခဲ့ ….

ပေါင်းမသင်ပေမယ့်
ရှင်သန်ခဲ့အပင်လေး
ရေးမပေးနိုင်လည်း
စိမ်းလန်းဆဲငါ့မြေပေါ် ….

နာရီတွေလည်ပါတ်လို့
ရာသီတွေကျေနပ်တဲ့အခါ
ဖူးပွင့်လာတဲ့ပန်းကလေး
ငါ့အသွေးလို့ထင်ခဲ့မိ ….

ကြည့်နေစဉ်ခဏ
ကြွေကျမယ့်ဖြစ်စဉ်အတွက်
မသင့်တော်တဲ့ငါ့မြေဟာ
မင်းအိပ်ယာအဖြစ်
လက်ခံဖို့ခက်နေတယ် ….

စစ္စလီ

Friday, 27 July 2012

♥...မျှော်လင့်သောဒဏ္ဏာရီ...♥

❤ OSC@R ❤ | 19:13 | Best Blogger Tips
ပူလောင်နေမင်းကြားကမြတ်နိုးတဲ့အလွမ်း
တန်ဖိုးမဲ့ဟာသတစ်ခုနဲ့ပျက်ရယ်ပြုကြတဲ့အခါ
အခါခါလွမ်းတိုင်းဒီရင်မှာအခါခါနာလို့
အဲ့ဒီအသဲနှလုံးချဉ်ခြင်းကိုငါသေဒဏ်ခတ်ခဲ့တယ်....

ထာဝစဉ်ငါမျှော်ကိုးတဲ့လရောင်လွှမ်းတဲ့ကောင်းကင်
အကြင်နာမဲ့တဲ့တိမ်းဆိုးတို့စိုးမိုးလို့နေပါစေအုံးလေ
ငါ့မျက်စိကိုငါမှိတ်အမြဲတမ်းမဲတဲ့မှောင်မိုက်ခြင်းမှာ
ငါ...ထုသားပေသားကျဖို့ကြိုးစားမယ်....

 ရင်ခွင်တံခါးကဖွင့်ဟတဲ့မတင်မကျခံစားချက်အတွက်
ကဗျာတချို့စာတချို့ငါရေးမယ်...
အလင်္ကကာတချို့နဲ့တမ်းချမ်းတွေရှိချင်ရှိလိမ့်မယ်
အဲ့ဒီအတွက်ဘယ်သို့သောမျှော်လင့်ချက်မှငါမထားတော့...

 အမြဲတမ်းမှတ်ကျောက်တင်စမ်းသပ်ခံရတဲ့ငါ့သမိုင်းမှာ
အရိုင်းဆန်တဲ့ဒသနတို့ထင်ကျန်လေသလား...
ကျမ်းချက်တစ်ပိုဒ်မဟုတ်တဲ့ရိုးရှင်းမူအတွက်
မျှော်လင့်ခြင်းမဲ့ငါ့လိပ်ပြာတို့ဖြူစင်စွာပျံဝဲလျက်ပါလေ....

 သံသရာဝင်ရိုးထဲမှာနစ်တစ်ခါမြုပ်တစ်လှည့်နဲ့
ပုံရိပ်ယောင်တွေကြားလမ်းလျှောက်နေမိတဲ့ငါ
ရင်ကိုခွဲလို့အသည်းကိုမှလိုချင်တပ်မက်သေးရင်
အကြင်နာဆုံးအပြုံးတစ်ပွင့်ပါ...ငါလက်ဆောင်ပေးခဲ့မယ်...

 ငါမမျှော်ကိုးတဲ့ငါ့မျှော်လင့်ခြင်းလေးလှပနေပါလိမ့်မယ်လေ....


သားငယ်လေး

Friday, 29 June 2012

♥...ခိုင်မြဲသောလက်....♥

❤ OSC@R ❤ | 20:01 | Best Blogger Tips
ကံစေရာအတိုင်းသာ
ငါတို့နှစ်ယောက်
လျှောက်လှမ်းရမယ်ဆိုပါတော့..
အဲဒီလိုလျှောက်လှမ်းနိုင်အောင်
တစ်ယောက်ကိုတစ်ယောက်
ယုံကြည်စွာနဲ့ ဖေးမကူညီရင်း

♥...ချစ်တယ်ဟုတ်...♥

❤ OSC@R ❤ | 19:46 | Best Blogger Tips
ချစ်သူ
နင်ကြိုက်တဲ့ ငါ့အသံ
နင်တမ်းတတဲ့ ငါ့မျက်ဝန်း
နင်စွဲလန်းတဲ့ ငါ့နှုတ်ခမ်း
နင်မြတ်နိုးတဲ့ ငါ့ဆံနွယ်တွေကို
နင်အရမ်းဂရုစိုက်အလေးထားတတ်သလို
ငါ့ကိုလည်း အလေးအနက်ထားပြီး
အရမ်းချစ်တယ်ဆိုတဲ့ စကားလေးတစ်ခွန်းကို
နင့်နှုတ်ဖျားက ခပ်တိုးတိုးလေးရေရွတ်ကြည့်ပေးပါလား
အဲဒါဆို အရာအားလုံးနားလည်ပေးပြီး နင့်ကိုငါအရင်ကထက်ပိုချစ်မိမှာအမှန်ပါပဲ

Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ

Thursday, 28 June 2012

♥...ကမ်းလှမ်းချက်...♥

❤ OSC@R ❤ | 23:08 | Best Blogger Tips
အချစ်မှာအတိုင်းအတာမရှိဘူး
အလျားအနံမရှိဘူးး ဒါပေမဲ့
အသွားအပြန်တော့ရှိသေးတာပဲလေ
သံယောဇဉ်နဲ့ အချစ်ယှဉ်တွဲနေရင်

ဒါမှမဟုတ် နားလည်မှုတွေထပ်တူကျနေရင်
ငါတို့နှစ်ယောက်ရဲ့ဘ၀ခရီးလမ်းမှာ
ဘယ်အတားအဆီးကိုမဆို ရင်ဆိုင်ရပါစေ
ငါ့တို့လက်တွေမြဲနေသ၍တော့
ဘယ်အရာကိုမှ ကြောက်စရာမလိုပါဘူး

Monday, 25 June 2012

♥...သုံ့ပန်းဖြစ်သွားတဲ့ အသည်း ...♥

❤ OSC@R ❤ | 19:42 | Best Blogger Tips
အလံဖြူပြထားပေမယ့်
ရန်သူတဲ့လားကွယ် ….

လက်နက်မပါပေမယ့်
ငဲ့ကွက်ကာသနားမယ်မကြံ
သေဒဏ်ပေးမယ့်ဟန်ပေါ့ ….

ရှုံးပါတယ်ပြောလည်း
နှလုံးနာဆဲအသည်းကို
မီးရဲရဲမှာကင်မလို့လား ….

Thursday, 21 June 2012

♥...ဒုက္ခကို ပျိုးကြဲသူများ...♥

❤ OSC@R ❤ | 20:05 | Best Blogger Tips
မမြင်ပဲနဲ့
ရင်ထဲမှာစွဲခဲ့တယ် ….

မထင်ပဲတွယ်တာ
ဘာမှမသိခဲ့လည်း
တစ်ခါကသိခဲ့သလိုလိုပေါ့ ….

သိရစဉ်ခဏ
ထိရှတာက ပြင်မရတော့
ခင်လှတဲ့စိတ်ကိုမြိုသိပ်
တိတ်တိတ်ကလေးနေမယ်ကြံခဲ့ ….