Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ ရဲ့ Blogspot လေးကို လမ်းကြုံလို့ပဲဖြစ်ဖြစ် တကူးတက လာရောက်လည်ပတ်ပေးတာပဲဖြစ်ဖြစ် သူငယ်ချင်းများနဲ့မိတ်ဆွေများအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်ရှင်.... နောက်များလဲ အချိန်ရရင်ရသလိုလာရောက်လည်ပတ်နိုင်ပါတယ်..း) ကျန်းမာပျော်ရွှင်သောနေ့ရက်လေးတွေကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်...
မူလစာမျက်နှာ
ကျမ္မာရေး
ကဗျာ
နည်းပညာ
video
mp-3
ဗဟုသုတ
ဟာသ
ဆော့ဝဲလ်
ဓာတ်ပုံ
ဖလက်သီချင်း
တရားတော်များ
အထွေထွေ
Thursday, 21 June 2012
♥...ဒုက္ခကို ပျိုးကြဲသူများ...♥
❤ OSC@R ❤
|
20:05
|
ကဗျာ
မမြင်ပဲနဲ့
ရင်ထဲမှာစွဲခဲ့တယ် ….
မထင်ပဲတွယ်တာ
ဘာမှမသိခဲ့လည်း
တစ်ခါကသိခဲ့သလိုလိုပေါ့ ….
သိရစဉ်ခဏ
ထိရှတာက ပြင်မရတော့
ခင်လှတဲ့စိတ်ကိုမြိုသိပ်
တိတ်တိတ်ကလေးနေမယ်ကြံခဲ့ ….
အနေမတတ်လို့လား
မသေသတ်တဲ့ဘ၀ကြားမှာ
ကျေနပ်တဲ့ခစားမှုမပါပေမယ့်
အနေကြပ်ခဲ့နေ့များစွာပေါ့ ….
ပေစွန်းနေတဲ့သူ့နှလုံးသား
မခံစားထိုက်မှန်းသိခဲ့လည်း
အမှန်အမှားတွေကြားမှာ
ချန်ထားခဲ့ရမယ့်အဖြစ်ပေါ့ ….
မချစ်လို့တော့မဟုတ်ပါဘူး
မနှစ်မြို့စရာစကားတွေကြားမှာ
လုံးပါးပါးမှာမလိုလားလို့
ဆုံးပါးသွားတာကိုငေးကြည့်ရင်း
နှလုံးသားစတေးလိုက်ရတာပါ ….
အညှောင့်မထွက်သေးတဲ့
ဒုက္ခမျိုးစေ့လေးကို
ရှုတ်ပွတဲ့ငါ့မြေမှာ
တယုတယ စိုက်ပျိုးမိသူပါပဲ ….
စစ္စလီ
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment