Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ ရဲ့ Blogspot လေးကို လမ်းကြုံလို့ပဲဖြစ်ဖြစ် တကူးတက လာရောက်လည်ပတ်ပေးတာပဲဖြစ်ဖြစ် သူငယ်ချင်းများနဲ့မိတ်ဆွေများအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်ရှင်.... နောက်များလဲ အချိန်ရရင်ရသလိုလာရောက်လည်ပတ်နိုင်ပါတယ်..း) ကျန်းမာပျော်ရွှင်သောနေ့ရက်လေးတွေကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်...
မူလစာမျက်နှာ
ကျမ္မာရေး
ကဗျာ
နည်းပညာ
video
mp-3
ဗဟုသုတ
ဟာသ
ဆော့ဝဲလ်
ဓာတ်ပုံ
ဖလက်သီချင်း
တရားတော်များ
အထွေထွေ
Thursday, 21 June 2012
♥... ကျကွဲသွားတဲ့ ပြူတင်းပေါက်...♥
❤ OSC@R ❤
|
20:00
|
ကဗျာ
အရင်တစ်ခါက
ဝင်လာနေကျအလင်းရောင်
ငါ …. အိပ်ချင်ဟန်မဆောင်နိုင်ခဲ့ ….
တံခါးမတပ်ထားတဲ့ပြူတင်းမှာ
တစ်ခါတစ်ခါ နှင်းများဖြတ်သန်း
ငါ့ရင်ကိုရှိုက်နမ်းခဲ့ဖူး ….
ပြူတင်းပေါက်လေးနဲ့ အခန်းကျဉ်း
ငါ့ရင်တွင်းက အာသီသ
သူထိရှနိုင်ခဲ့တယ် ….
ပြူတင်းဝမှာ
အကျဉ်းကျသလိုခံစားရင်း
အခန်းတွင်းကမထွက်နိုင်တော့ ….
အိမ်မက်ကလန့်အနိုးမှာ
ပြူတင်းဟာပျောက်ဆုံး
ကျောက်တုံးအထပ်ထပ်ကာထားတဲ့
အဖော်မဲ့အခန်းထဲမှာ ….
ငါ့ကမ္ဘာအတွက်
ခဏတာဖြစ်ဖြစ်
အိမ်မက်ထဲကပြုတင်းပေါက်
ပျောက်မသွားစေချင် ….
နိုးထသွားတဲ့အိမ်မက်လေး
မျက်နှာသာမပေးလေတော့
မျှော်တော့လည်းပေါ်မလာ
ထွက်ခွါသွားတာ ကြာခဲ့ပေါ့ ….
ခုတော့လည်း ….
ငါ့အကျဉ်းထောင်ထဲမှာ
အလင်ရောင်ပေးမယ့်
ပြူတင်းပေါက်လေးမရှိတော့ပါလား ….
စစ္စလီ
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment