Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ ရဲ့ Blogspot လေးကို လမ်းကြုံလို့ပဲဖြစ်ဖြစ် တကူးတက လာရောက်လည်ပတ်ပေးတာပဲဖြစ်ဖြစ် သူငယ်ချင်းများနဲ့မိတ်ဆွေများအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်ရှင်.... နောက်များလဲ အချိန်ရရင်ရသလိုလာရောက်လည်ပတ်နိုင်ပါတယ်..း) ကျန်းမာပျော်ရွှင်သောနေ့ရက်လေးတွေကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်...

Monday, 15 October 2012

ပုံပြင်ဟောင်းကို တူးဆွခြင်း

❤ OSC@R ❤ | 20:10 | Best Blogger Tips


ဆူးခြစ်ရာတွေကြားမှာ
သွေးထွက်နာတွေများစွာနဲ့
အေးစက်နာကြင်နေတဲ့အသည်းကို
မေးရက်တယ်နင်မို့ ….

အချစ်တဲ့လား
အနှစ်မဲ့စကားအဖြစ်နဲ့
ရိသဲ့သွားခဲ့သူရယ်
သိရဲ့သားနဲ့ရှောင်တယ် ….

အပြစ်မပြောပါဘူး
နှစ်မွန်းကာရူးသွပ်ပြီမို့
ဆက်ပြောစရာပုံပြင်အဖြစ်
တစ်သက်လွမ်းစရာချန်ရစ်ခဲ့မယ် ….

အသွားအပြန်မရှိတော့တဲ့
စကားအမှန်အသိတွေအတွက်
နားခံမိတဲ့နှလုံးသားမှာ
ဗုံးများ အခါခါပေါက်ကွဲလို့ပေါ့ ….

ဆုံးပါးချင်ဆုံးပါး
အမုန်းများဝင်သွားလည်း
နှလုံးသားရင်တံခါးမှာ
အရှုံးတရားယဉ်ပါးကာကျေနပ်ပေါ့ ….

စစ္စလီ

1 comment:


  1. ဆူးခြစ်ရာတွေကြားမှာ
    သွေးထွက်နာတွေများစွာနဲ့

    ဆုံးပါးချင်ဆုံးပါး
    အမုန်းများဝင်သွားလည်း
    နှလုံးသားရင်တံခါးမှာ
    အရှုံးတရားယဉ်ပါးကာကျေနပ်ပေါ့

    စာသားတွေ အရမ်းလန်းတယ်
    ကဗျာတွေကိုချစ်တဲ့
    sis jasmine

    ReplyDelete