Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ ရဲ့ Blogspot လေးကို လမ်းကြုံလို့ပဲဖြစ်ဖြစ် တကူးတက လာရောက်လည်ပတ်ပေးတာပဲဖြစ်ဖြစ် သူငယ်ချင်းများနဲ့မိတ်ဆွေများအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်ရှင်.... နောက်များလဲ အချိန်ရရင်ရသလိုလာရောက်လည်ပတ်နိုင်ပါတယ်..း) ကျန်းမာပျော်ရွှင်သောနေ့ရက်လေးတွေကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်...

Monday, 15 October 2012

တစ်နေ့တွင် အလုပ်ချိန် ၁၀ နာရီနှင့် အထက် အလုပ်လုပ်သူများသည် နှလုံးကို ထိခိုက်စေပြီး...

❤ OSC@R ❤ | 02:36 | Best Blogger Tips

တစ်နေ့တွင်
အလုပ်ချိန် ၁၀ နာရီနှင့် အထက် အလုပ်လုပ်သူများသည် နှလုံးကို ထိခိုက်စေပြီး
ပုံမှန် ၇ နာရီ အလုပ်လုပ်သူများထက် ရုတ်တရက် နှလုံးခုန်ရပ်ခြင်း အပါအဝင်
ပြင်းထန်သော နှလုံးရောဂါဆိုင်ရာ ပြဿနာများ ပိုမိုခံစားရမည်ဟု သုတေသီများက
ပြောဆိုခဲ့ကြသည်။

ဗြိတိသျှ အရပ်ဘက် ဝန်ထမ်း ၆၀၀၀ ကို ၁၁ နှစ်အကြာ သုတေသန ပြုမှုကြောင့် အချိန်ကြာမြင်စွာ အလုပ်လုပ်ခြင်းသည် နှလုံးသွေးကြောပိတ် ရောဂါနှင့်ဆိုင်သော ပြဿနာများကို ဖြစ်ပွားစေသည် ဟူသော အဖြေကို ခိုင်ခိုင်မာမာ
ပြဆိုနိုင်ခဲ့သည်။ အချိန်ကြာမြင်စွာ အလုပ်လုပ်ခြင်း နှင့်
နှလုံးရောဂါဖြစ်ပွားမှု မည်သို့ မည်ပုံ ဆက်စပ်သည်ကို ရှင်းရှင်းလင်းလင်း
မသိရှိရသေးသော်လည်း အလုပ်အတွင်း ဖြစ်ပေါ်လာသော စိတ်ဖိစီးမှုများကြောင့်
ဖြစ်နိုင်သည်ဟု ပါရဂူတို့က ကောက်ချက် ချခဲ့သည်။
လန်ဒန်အခြေစိုက် သုတေသန အဖွဲ၏ အဆိုအရ ၎င်းတို့၏ သုတေသနပြုမှု အတွင်း ရုတ်တရုက် နှလုံးခုန်ရပ်ခြင်းနှင့် ရင်ဘတ်စူးအောင့်ခြင်းများ အပါအဝင် နုလုံးရောဂါကြောင့် သေဆုံးမှု ၃၆၉ ခုရှိရာ သတ်မှတ်အလုပ်ချိန်ထက် ၃ နာရီမှ ၎
နာရီ အချိန်ပို အလုပ်လုပ်သူများအဖို့ အဆိုပါ နုလုံးရောဂါ၏
ဆိုးကျိုးအန္တရယ်များ သက်ရောက်ရန် ပုံမှန်ထက် ၆၀ရာခိုင်နှုန်
ပိုမိုမြင့်မားသည်ဟု သိရသည်။ သို့သော် ပုံမှန် အလုပ်ချိန် ၇ နာရီထက်
တစ်နေ့တွင် အချိန်ပို ၁နာရီမှ ၂နာရီခန့် ပိုမို အလုပ်လုပ်ခြင်းသည်
ထိုနုလုံးရောဂါ၏ ဆိုးကျိုးအန္တရယ်များ ပိုမိုမြင့်မားလာခြင်း
မဖြစ်ပွားနိုင်ဟု ဆိုသည်။

“ဒီ နှလုံးရောဂါရဲ့ အကျိုးသက်ရောက်မှုက သတ်မှတ်ချိန်ထက် ၃ နာရီနဲ့ အထက် ပိုပြီးအလုပ်လုပ်မှ ဖြစ်ပွားမှာပါ။ ဒါကြောင့် ပုံမှန်အလုပ်ချိန်ထက် တစ်နာရီလောက်
ပိုသွားရုံနဲ့တော့ ဆိုးကျိုး ကြီးကြီးမားမား မရှိပါဘူး” ဟု
University College London နှင့် Finnish Institute of Occupational Health
မှ ရောဂါ ကူးဆက်ပျံ့ပွားမှု ကာကွယ်ခြင်း ဆိုင်ရာ ပါရဂူ ဒေါက်တာ
Marianna Virtanen ကပြောကြားပါသည်။

Posted by Neurosispeople


No comments:

Post a Comment