ငါ့အပေါ်ရည်ရွယ်မထားတဲ့
နားလည်လိုက်လျောမှုတွေနဲ့
အပေါ်ယံကြင်နာခြင်းတွေရဲ့ကြားမှာ
သာယာသွားခဲ့တာလားဟင် ….
ငါ့ဆီကထွက်သွားတဲ့အပြုံးချိုချို
လူတကာကို ပေးဝေပြီးနောက်
မင်းဆီရောက်တာတဲ့
ယုတ္တိမဲ့အကြာင်နာ
ချစ်သူထက်ပိုသတဲ့လားကွယ်
တစ်ကယ့်တစ်ကယ်သာ
သူ့ချစ်သူနေရာခံစား
မင်း ဘယ်လိုသဘောထားမလဲ ….
နားလည်မှုကိုအယုံလွယ်
ယုန်သူငယ်လိုကျက်စားရင်း
ချဉ်းကယ်လာတဲ့မာယာတွင်း
နင်သက်ဆင်းဖို့တပြင်ပြင်နဲ့လေ ….
နားလည်လိုက်လျောမှုတွေနဲ့
အပေါ်ယံကြင်နာခြင်းတွေရဲ့ကြားမှာ
သာယာသွားခဲ့တာလားဟင် ….
ငါ့ဆီကထွက်သွားတဲ့အပြုံးချိုချို
လူတကာကို ပေးဝေပြီးနောက်
မင်းဆီရောက်တာတဲ့
ယုတ္တိမဲ့အကြာင်နာ
ချစ်သူထက်ပိုသတဲ့လားကွယ်
တစ်ကယ့်တစ်ကယ်သာ
သူ့ချစ်သူနေရာခံစား
မင်း ဘယ်လိုသဘောထားမလဲ ….
နားလည်မှုကိုအယုံလွယ်
ယုန်သူငယ်လိုကျက်စားရင်း
ချဉ်းကယ်လာတဲ့မာယာတွင်း
နင်သက်ဆင်းဖို့တပြင်ပြင်နဲ့လေ ….
ငါ့မှာတော့ဖြင့်
မပြောရက်လည်းမနေနိုင်
ခွေယိုင်နွမ်းနေတဲ့ရင်ခုန်ခြင်းနဲ့
လုံခြုံခြင်းကင်းမဲ့တဲ့ရင်ခွင်ကို
အမြဲလိုစောင့်ထိန်းခဲ့ရ ….
ဟုတ်ပါတယ်လေ
ငါ့အခြေအနေက
သတိရခြင်းနဲ့မတန်
ခံစားရန်မသင့်တော်
လက်တွဲဖော်မဖြစ်နိုင်တဲ့
အက်ကွဲနေတဲ့မှန်တစ်ချပ်ပေါ့ ….
အသွားအပြန်မရှိချင်နေပါ
အမှားအမှန်ကိုသိပြီး
နင့်ခရီးမှာငါမပါပေမယ့်
လိုတာဖြည့်ဆည်းမယ့်အဖော်
နင့်အပေါ်တာဝန်ယူခဲ့ရင်
ငါသေပျော်ပါပြီအချစ်ရယ် ….
ကဗျာမစစ်ပေမယ့်
မပြောဖြစ်တဲ့စကားတွေအတွက်
ရေးလက်စနားလိုက်ရတာ
သွေးထွက်တဲ့ရောဂါနဲ့အတူ
ဘေးထွက်နေရာယူနေရဆဲမို့လေ ….
နှုတ်ဆိတ်ကာနေဖြစ်
နင်စိတ်ညစ်မှာမလိုလားလို့
တိမ်မြှုတ်သွားတဲ့စကားတွေဟာ
ရင်ခွင်မှာပြည့်ကြပ်လို့
အသက်ရှူရပ်မတတ်ဖြစ်ခဲ့ရပြီ ….
နင်ပျော်မှာလား
ငါ့နှလုံးသားမီးလောင်သွားပါစေ
တံခါးအထပ်ထပ်သော့ခတ်ရင်း
မနက်ခင်းမရှိတဲ့နေ့တွေကြားမှာ
ထားသလိုနေလိုက်ပါတော့မယ် ….
ပျော်စရာပျောက်ဆုံးလို့
အဖော်မပါလျှောက်လှမ်းတဲ့အခါ
မင်းအနားမရှိတဲ့ငါ
သွေးသားမှာခိုအောင်းရင်း
သက်ပြင်းချနေတာ
မြင်သာပါ့မလား ချစ်သူရယ် ….
စစ္စလီ
No comments:
Post a Comment