လမင်းထွက်လို့
ညခင်းဖြစ်လာတာမဟုတ်ပါ
ညဖြစ်လို့ လထွက်နိုင်တာဖြစ်တယ် ….
အချိန်ကျတိုင်း ညရှိပေမယ့်
ညတိုင်းမှာ လမရှိခဲ့ဘူးလေ ….
ညခင်းကို လမင်းက ပိုင်ပါတယ်
ညကဗျာမှာ လမင်းသာခဲ့
ညအလင်းကို လမင်းကပေးခဲ့သလို
ညအဓိပ္ပါယ်ကို လမင်းက ဆေးချယ်ခဲ့ပါတယ် ….
ညခင်းကသာ လမင်းကိုစောင့်ရတာ
သူမလာတဲ့ညဟာငြိမ်သက်
အသက်မဲ့ခဲ့ရက်များပေါ့
တိမ်မဲတွေကြား ဆော့ကစား
ညအားစွန့်ခွါရင်း
လမင်းခရီးမလွန်စေချင် ….
မရောက်လာတဲ့ နေ့ရက်တွေမှာ
နောက်တစ်ခါ လထွက်ဖို့အတွက်
ငါ့ကမ္ဘာမှာ ညတွေဆက်နေရဦးမှာပါ
ဘာတွေဘယ်လိုဖြစ်ပါစေ
ငါ့ဘ၀ ညခင်းမှာ
ပြန်လင်းပါတော့ လမင်းရယ် ….
စစ္စလီ
No comments:
Post a Comment