ရင်ထဲမှာ မြိုသိမ့်ထားရတဲ့အချစ်တွေကို
နင်မြင်နိုင်မလားချစ်သူ
ရင်အကွဲခံပြီး လမ်းခွဲပေးခဲ့ရသလို
ချစ်လျှက်နဲ့ မချစ်သလိုနေပေးခဲ့ရတယ်
ဒဏ်ရာ ဗရပွနဲ့ နှလုံးသားရဲ့
ခံစားချက်ကို မျက်ကွယ်ပြုမိတဲ့ငါ့မှာတော့
အလွမ်းဇာတ်ရုပ်ကို လူမမြင်အောင်
ပြုံးပျော်ချင်သယောင် ဟန်ဆောင်ကပြရဦးမှာပေါ့
ချစ်သူ နင်ယုံကြည်နိုင်မလား
ငါ့ရင်ထဲမှာ နင့်ကိုလွမ်းမိခြင်းက
အလွမ်းသီအိုရီမြှောက်မြားစွာနဲ့
တခမ်းတနားပါပဲ...
တကယ်ဆိုရင်.....
နင်ပျော်ဖို့အတွက်သာ ငါ့နှလုံးသား
ဖြန့်ခင်းပေးလိုက်ရပေမဲ့
အလွမ်းဆိုတဲ့ ရပ်ဝန်းထဲမှာ
ငါ့တစ်ယောက်တည်း တ၀ဲလှည်လှည်ဖြစ်နေမှာတော့
အရာရာကိုပုံသေကားချပ်
သတ်မှတ်လို့ရရင်အကောင်းသား
အခုတော့ အလွမ်းတွေနဲ့ငါရှုံးနှိပ်ခဲ့ရပြီ..။
No comments:
Post a Comment