Wednesday, 19 September 2012
♥...မဆုံစည်းနိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်း...♥
❤ OSC@R ❤ | 21:03 |
ကဗျာ

အလွမ်းတွေသိမ်းဆည်းလျှက်နဲ့
ဘာကြောင့် မေ့ပစ်ချင်ရတာလဲကွယ်
လမ်းမခွဲကြေးလို့ ကတိထားခဲ့ကြတာတောင်
နားလည်မှုနဲ့ အဆုံးသတ်ခဲ့ရသေးတာပဲနော်...
နင့်အပေါ်ချစ်ခဲ့မိတာ ကျရှုံးခြင်းလို့ဆိုရင်
ငါရဲ့ကျရှုံးမှုအတွက် နင်ပျော်နေနိုင်မှာပါလေ
မျက်ရည်မကျဘူးလို့ အားတင်းထားရင်တောင်မှ
အလိုလိုစီးကျတဲ့မျက်ရည်စတွေကို
ပြန်ရုတ်သိမ်းလို့မှမရတာ..
အစကတည်းက နင့်ကိုရှုံးဆုံးရမယ်ဆိုတာသာ
ငါကြိုသိခဲ့မိရင် နင့်အပေါ်သံယောဇဉ်အခိုင်အမာထားပြီး
မချည်နှောင်ခဲ့ပါဘူး
ရင်ထဲသိမ်းဆည်းရင်းနဲ့ပဲ
တိတ်တဆိတ်ချစ်နေခဲ့ပါတယ်...
အခုချိန်မှာ....
မျဉ်းပြိုင်နှစ်ကြောင်းလိုဖြစ်နေတဲ့
ငါတို့နှစ်ယောက်အတွက်
လမ်းခွဲတာဘဲ.ကောင်းပါတယ်
နင်မှငါ့ကိုအလိုမရှိတော့တာ..
နင်ထားရာ နေရာမှာ နေရစ်ခဲ့ပြီး
နင်စေရာ နေရာကို သွားပေးဖို့အသင့်ပါ
ငါ့ရဲ့ပေးဆပ်မှုအတွက် နင်ပျော်နေခဲ့မယ်ဆိုရင်
ငါကျေနပ်နေမှာပါ ချစ်သူ...။
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment