Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ ရဲ့ Blogspot လေးကို လမ်းကြုံလို့ပဲဖြစ်ဖြစ် တကူးတက လာရောက်လည်ပတ်ပေးတာပဲဖြစ်ဖြစ် သူငယ်ချင်းများနဲ့မိတ်ဆွေများအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်ရှင်.... နောက်များလဲ အချိန်ရရင်ရသလိုလာရောက်လည်ပတ်နိုင်ပါတယ်..း) ကျန်းမာပျော်ရွှင်သောနေ့ရက်လေးတွေကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်...

Thursday 20 December 2012

♥...ဇာတ်လမ်းတစ်ပုဒ်ရဲ့ နိဂုံး...♥

❤ OSC@R ❤ | 18:09 | Best Blogger Tips
 
ကဗျာဆိုတာ နှလုံးသားရဲ့
သွေးစက်တစ်ချို့.....
စာသားတိုင်းက အလွမ်းနဲ့စမှတော့..
အလွမ်းနဲ့အဆုံးသတ်တာ
မဆန်းပါဘူးလေ......
အချစ်ကို ရိုးမယ်ဖွဲ့ ကံကြမ္မာကိုအပြစ်ပုံချပြီးမှ
ရှေ့ဆက်မဖြစ်နိုင်ဘူးလို့ ပြောလိုက်တဲ့
နင့်ရဲ့စကားတွေက.......
အလိမ်ညာစကားတွေချည်း သတ်သတ်ပဲ
မချစ်မှတော့လမ်းခွဲရုံပဲရှိတော့တာပေါ့....
လွမ်းရဲရင် လမ်းခွဲလိုက်ဆိုပေမဲ့
မလွမ်းရဲပဲ လမ်းခွဲမယ်လုပ်တဲ့ နင့်ရဲ့လုပ်ရပ်က
ငါ့အတွက်.....အဖြေရှာမရခဲ့ဘူး.....
ငါ့တို့နှစ်ယောက်မှာ..ဘယ်အကြောင်းတရားက
တားဆီးနေခဲ့တာလည်း...ငါမသိခဲ့ဘူး...?
အခုချိန်မှာတော့..ငါနင့်ကို
လွမ်းတော့လွမ်းပါရဲ့...တမ်းတခွင့်မရှိတာခက်တယ်..
ချစ်တော့ချစ်သေးပါရဲ့....ပိုင်ဆိုင်ခွင့်မရတာ ရင်နာတယ်
ငါတို့နှစ်ယောက်ဇာတ်လမ်း နိဂုံးချုပ်ဖို့အတွက်.
အမုန်းတစ်ခုနဲ့ လုပ်ဇာတ်တစ်ခုကိုငါဖန်တီးဖြစ်ခဲ့မယ်ဆို
နင်ငါ့ကို...အပြုံးလေးတစ်ပွင့်နဲ့အပြီးပိုင်
နှုတ်ဆက်သွားပေးမှာလား..ချစ်သူ
အဲဒီလိုမှ ငါမလုပ်ရင် နင်နဲ့ငါ့ရဲ့ အနာဂတ်က...
မာန်မာနနဲ့ အချစ်တွေကြားမှာ ထာဝရ
ဆုံးရှုံးခြင်းတွေပဲ သိမ်းပိုက်ခွင့်ရတော့မယ်ထင်တယ်...

Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ


No comments:

Post a Comment