Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ ရဲ့ Blogspot လေးကို လမ်းကြုံလို့ပဲဖြစ်ဖြစ် တကူးတက လာရောက်လည်ပတ်ပေးတာပဲဖြစ်ဖြစ် သူငယ်ချင်းများနဲ့မိတ်ဆွေများအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်ရှင်.... နောက်များလဲ အချိန်ရရင်ရသလိုလာရောက်လည်ပတ်နိုင်ပါတယ်..း) ကျန်းမာပျော်ရွှင်သောနေ့ရက်လေးတွေကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်...

Sunday 11 November 2012

အရိမေတ္တယျ ဗုဒ္ဓ၀င်တရားတော် Mp3 (ဗုဒ္ဓဘာသာမှန်လျှင် ဓမ္မဒါနအဖြစ်ထပ်ဆင့်မျှဝေပေးပါ)

❤ OSC@R ❤ | 19:41 | Best Blogger Tips
            ပဲခူးဆရာတော် ဦးတေဇောသာရာ ဟောကြားတော်မူအပ်သော အရိမေတ္တယျ ဗုဒ္ဓ၀င်တရားတော်
ကို ဗုဒ္ဓဘာသာဝင်များအားလုံးအတွက် မျှဝေပေးလိုက်ပါတယ်ဗျာ။ ကျွန်တော်ဒီတရားတော်ကိုကမ္ဘာ အ၀ှမ်း
မှာရှိကြတဲ့ မြန်မာဗုဒ္ဓဘာသာဝင်များအားလုံးကိုမျှဝေပေးချင်နေတာတော်တော်ကြာပါပြီဗျာ။ တရားတော်
ကို ကွန်နရှင်အခက်အခဲကြောင့် အပိုင်းလေးပိုင်းပိုင်းပြီး MP3 ဖြစ်တင်ပေးထားပါတယ်။ မြန်မာနိုင်ငံကွန်
နရှင်ဘယ်လောက်ကောင်းလိုက်သလည်းဆိုရင် 225 MB ကို လေးညလောက်တင်ရတယ်ဗျာ။
             ဒီတရားတော်ကို MRTV-4 မှာ လွင့်ချင်ပါတယ်ဗျာ။သာသနာရေးရုံးရဲ့ ခွင့်ပြုချက်လက်မှတ်လိုနေ
တဲ့အတွက် အခုထိလွင့်ခွင့်မရသေးပါဘူး။ သာသာနာရေးရုံး ကိုလည်းကျွန်တော်သွားဖို့ အချိန်မပေးနိုင်
တာကြောင့် ပါ။ သာသနာရေးရုံးမှ လက်မှတ်ရယူပေးနိုင်တဲ့ ဓမ္မမိတ်ဆွေများရှိခဲ့ရင်လည်း ကျွန်တော့်ကို
အကြောင်းကြားပေးပါနော်။ ဒီတရားတော်က အရမ်းကိုကောင်းလွန်းတဲ့အတွက် ကျွန်တော် ရုပ်သံ DVD ကို
ဓမ္မဒါနအဖြစ်မျှဝေနေတာ တော်တော်ကြာပါပြီ။ပြည်တွင်းမှ တရားနာလိုသူများရှိခဲ့ပါက ကျွန်တော့်ဆီကို
Gmail နဲ့ဖြစ်စေ ဖုန်းနဲ့ဖြစ်စေဆက်သွယ်ပြီးရယူနိုင်ပါတယ်ဗျာ။ ဒီတရားတော်ကိုလည်း ဓမ္မဒါနအဖြစ်
လက်လှမ်းမှီသလောက်လေး လက်ဆင့်ကမ်းပြီး မျှဝေပေးစေချင်ပါတယ်ဗျာ။


Gmail   -   maytharngee@gmail.com
Phone :    0943115558

2 comments:

  1. အစ်ကိုဒီတရားတော်ကိုနာယူချင်တယ်ဗျာ။ဘယ်မှာဘယ်လိုဒေါင်းယူရမလည်းကူညီပါဦး။zawemanoo1983@gmail.com

    ReplyDelete
  2. ဒီတရားတော် မြတ်ကိုနာကြားရတာအထူးပင်ကျေးဇူးတင်ဝမ်းမြောက်မိပါတယ်...
    မနာကြားရသေးသောသူများကိုလည်းဆက်လက်နာကြားနိုင်ရန် ဆောင်ရွက်လိုပါတယ်
    ဒီတရားတော်မြတ်ကို ဆက်လက်ကူးယူလှူဒါန်းခွင့်ပြုပါ ကျွန်တော် ထိုင်းနိုင်ငံတောင်ပိုင်း koh samui island (ကော့စ်မွေကျွန်း တစ်ကျွန်းမှာ) လုပ်ကိုင်နေပါတယ်
    ဒီတရားတော်မြတ်ကိုနာကြားခွင်ရသူတိုင်းစိတ်နှလုံးကောင်း ကိုဖြစ်ပေါစေ၍ ကုသိုလ်ဒါန အကျိုးထူးများကိုဆောင်ရွက်နိုင်တဲ သာသနာဝန်ကိုထမ်းဆောင်ကြမဲ့ ကျိုးကိုရည်ရွယ်ပါတယ်

    ReplyDelete