နှလုံးသားကို
အချစ်ကတိုက်စားခဲ့သလို
အချစ်ကို မျော်လင့်ချက်ကအရောင်လွင့်စေခဲ့ပြီ...။
လွမ်းဆွတ်မှုကိုသာ
အမုန်းတွေနဲ့ နင်းချေပစ်ခဲ့ရင်
တမ်းတမှုဆိုတာ ဟိုးးးးအဝေးကြီးမှာပါချစ်သူ...။
မချစ်နိုင်လို့ စွန့်ပစ်ချင်သူကို
နေပါလို့ တားဆီးလို့မှမရတော့တာ
တကယ်ဆို ငါလည်းနင့်အပေါ်
စစ်မှန်တဲ့ ချစ်ခြင်းနဲ့ ချစ်ခဲ့မိတာပါပဲ...။
ဒါပေမဲ့ဟာ
အချစ်ဆိုတာ ငါ့အတွက်
ခါးသီးခြင်းရဲ့နိယာမတစ်ခုပဲ
အဖြေရှာမရတဲ့ မေးခွန်းပေါင်းများစွာထဲမှာ
ဟန်ဆောင်လိမ်ညာချင်းကင်းတဲ့
ချစ်ခြင်းတစ်စုံတစ်ရာကို ရလိုရငြား လိုက်ရှာမိခဲ့တာ
အချိန်အတိုင်းအတာတစ်ခု ကျော်လွန်ခဲ့ပြီးမှ
သိခဲ့ရတဲ့ ငါ့အပေါ်ထားရှိတဲ့နင့်ရဲ့အချစ်က...
အတင်းလှုပ်ယူလို့မရတဲ့
အရာတစ်ခုဖြစ်နေခဲ့တယ် ဆိုတာပဲ...။
No comments:
Post a Comment