Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ ရဲ့ Blogspot လေးကို လမ်းကြုံလို့ပဲဖြစ်ဖြစ် တကူးတက လာရောက်လည်ပတ်ပေးတာပဲဖြစ်ဖြစ် သူငယ်ချင်းများနဲ့မိတ်ဆွေများအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်ရှင်.... နောက်များလဲ အချိန်ရရင်ရသလိုလာရောက်လည်ပတ်နိုင်ပါတယ်..း) ကျန်းမာပျော်ရွှင်သောနေ့ရက်လေးတွေကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်...

Thursday 11 October 2012

♥... ကျေးဇူးပဲချစ်သူ...♥

❤ OSC@R ❤ | 04:13 | Best Blogger Tips


နင်ပြောတော့
ငါ့ကိုတကယ်ချစ်ခဲ့တာပါဆို..
ဘာလို့ငါ့ကိုလိမ်ညာခဲ့ရတာလဲဟာ..

နင့်အတွက်ငါ အရမ်းစိတ်ပူနေမိတယ်
ဘာလို့လဲသိလား.....?
ငါ့ကိုချစ်ဟန်ဆောင်ပြီး
လက်တွဲခဲ့ရတဲ့တစ်လျှောက်မှာ

ငါ့ကိုယ်နင်လိမ်ညာခဲ့တာထက်..
နင့်ကိုယ်နင်လိမ်ညာခဲ့ရတာ
ပင်ပန်းမနေလွန်းဘူးလား ချစ်သူရာ

နင်နဲ့ပတ်သက်ပြီး အရာအားလုံး
စိုးရိမ်စိတ်တွေရှိတဲ့ ငါ့အတွက်တော့
နင်ထားသွားလည်းဝမ်းမနည်းပါဘူး

နင်သာပျော်အောင်နေနိုင်ဖို့
ငါ့ဘ၀နဲ့ရင်းပြီးဆုတောင်းပေးလိုက်ပါမယ်
အဲဒါနင့်ကိုမချစ်လို့မဟုတ်ပါဘူးနော်...

ငါ့နှလုံးသား စတေးလိုက်ရတဲ့အတွက်
နင်ပျော်ပါစေဆိုတဲ့ ဆုတောင်းလေးတစ်ခုတော့
နင့်အတွက်နောက်ဆုံး ဖြည့်စည်းပေးသွားချင်လို့ပါ

အမှတ်တမဲ့မဟုတ်တဲ့ အမှတ်တရ
နေ့ရက်တိုင်းမှာ သတိရခြင်းတွေကို
ငါပိုင်ဆိုင်နိုင်သေးတယ်ဆိုတဲ့ အတွေးက
ငါ့အတွက် တစ်ခုတည်းသောစိတ်ဖြေနိုင်စရာ
ဖြစ်နေသေးလို့ အရာအားလုံးအတွက်
ကျေးဇူးပါ ချစ်သူ......။


No comments:

Post a Comment