Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ ရဲ့ Blogspot လေးကို လမ်းကြုံလို့ပဲဖြစ်ဖြစ် တကူးတက လာရောက်လည်ပတ်ပေးတာပဲဖြစ်ဖြစ် သူငယ်ချင်းများနဲ့မိတ်ဆွေများအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်ရှင်.... နောက်များလဲ အချိန်ရရင်ရသလိုလာရောက်လည်ပတ်နိုင်ပါတယ်..း) ကျန်းမာပျော်ရွှင်သောနေ့ရက်လေးတွေကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်...

Thursday, 28 June 2012

♥...ကမ်းလှမ်းချက်...♥

❤ OSC@R ❤ | 23:08 | Best Blogger Tips
အချစ်မှာအတိုင်းအတာမရှိဘူး
အလျားအနံမရှိဘူးး ဒါပေမဲ့
အသွားအပြန်တော့ရှိသေးတာပဲလေ
သံယောဇဉ်နဲ့ အချစ်ယှဉ်တွဲနေရင်

ဒါမှမဟုတ် နားလည်မှုတွေထပ်တူကျနေရင်
ငါတို့နှစ်ယောက်ရဲ့ဘ၀ခရီးလမ်းမှာ
ဘယ်အတားအဆီးကိုမဆို ရင်ဆိုင်ရပါစေ
ငါ့တို့လက်တွေမြဲနေသ၍တော့
ဘယ်အရာကိုမှ ကြောက်စရာမလိုပါဘူး

လဲကျရာ ဆွဲထူပေးမဲ့ လက်တစ်စုံ
နွေးထွေးကြင်နာတတ်တဲ့ အပြုံး
ဟန်ဆောင်မှုကင်းတဲ့ နှလုံးသားတစ်စုံ
လှပတဲ့ နံနက်ခင်းနဲ့ လှပတဲ့နေ့ရက်လေးတွေကို
ငါတို့နှစ်ယောက် အတူဖန်တီးကြမယ်

အနေဝေးတဲ့စိတ်တစ်ခုနဲ့တော့
သံသယဆိုတဲ့တံတိုင်းကို ဖြတ်ကျော်ဖို့ဝန်လေးနေမှာလား ချစ်သူ
အနေဝေးပေမဲ့ ဘယ်တော့မှသွေးမအေးပါဘူး
အတူမဆုံတွေ့နိုင်သေးပေမဲ့ ရွေ့လျားနေတဲ့စက္ကန့်တိုင်းမှာ
သတိရနေခွင့်တော့ ငါတို့ပိုင်ဆိုင်သေးတာပဲလေ

နင်သာငါ့ရဲ့အနက်ရှိုင်းဆုံးနေရာလေးတစ်ခုမှာ
နားခိုခဲ့မယ်ဆိုရင် နင့်ရဲ့ပုံရိပ်စစ်တွေကို
ငါ့အသဲနှလုံးမှာ ကဗ္ပည်းထိုးပေးထားဖို့ ၀န်မလေးပါဘူး

ချစ်သူရေ
နင်ရောငါရောမယုံကြည်တဲ့ ကံကြမ္မာကို
ငါတို့နှစ်ယောက်အတူ မြေမြှပ်ပစ်လိုက်ရအောင်
ဒါမှ ငါတို့ရဲ့အချစ်စစ်တွေကို
သက်ဆုံးတိုင် ဂုဏ်ယူဝင့်ကြွားနိုင်မှာပေါ့.....

Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ



No comments:

Post a Comment