Wednesday, 1 August 2012
♥....မုန်းလို့မရတဲ့ ကျွန်မချစ်သူ.....♥
❤ OSC@R ❤ | 02:04 |
ကဗျာ

ငါချစ်တာ နင်ဆိုပေမဲ့
နင်ချစ်တာ ငါမှမဟုတ်ခဲ့တာ..
ငါလွမ်းတာ နင်ဖြစ်နေပြန်တော့လည်း
နင်လွမ်းတာ ငါမဟုတ်ခဲ့ပြန်ပါဘူး...
ငါ့အတွက် နင်ကအရေးပါပေမဲ့
နင့်အတွက်ငါက အဖြည့်ခံတစ်ယောက်မျှသာ...
ငါ့ခံစားချက်ကိုဥပက္ခာပြုတတ်တဲ့ နင်
နင့်ခံစားချက်ကိုအလေးအနက်ထားတတ်တဲ့ ငါ
နင် နဲ့ ငါဆိုတဲ့ မျဉ်းပြိုင်နှစ်ကြောင်းမှာ
ဘာအကြောင်းတရားကို ယိုးမယ်ဖွဲ့ရမလဲ?
အစကတည်းက ငါ့အပေါ်
ဘယ်လိုမှ မချစ်နိုင်မှန်းသိနေခဲ့ရင်
ရှေ့ဆက်ပီးတော့ သံယောဇဉ်တွေမပေးပဲ
နောက်ထပ် ၀မ်းနည်းမှုတွေကိုပါ
နင်နဲ့ တစ်ပါတည်းယူဆောင်သွားခဲ့ပေးပါလား
မချစ်နိုင်ခဲ့မှတော့ နင့်ရဲ့ရင်တွင်းခံစားချက်ကို
မလိမ်ညာပဲနဲ့ ငါ့ကိုထားရစ်ခဲ့ပါချစ်သူ
အခုချိန်မှာ ငါကနင့်ရဲ့ချစ်သူလို့
သတ်မှတ်ထားပေမဲ့ နင့်ရင်ထဲမှာငါမှမရှိခဲ့တာ..
ချစ်ဦးသူကို ရင်ထဲသိမ်းထားပြီး
ငါ့အပေါ်ဟန်ဆောင်ချစ်ပြနေခဲ့တာ
နင်လည်းပင်ပန်းလောက်ရောပေါ့....
သူစိမ်းတစ်ယောက်လို
ငါ့အပေါ်မှာဆက်ဆံတတ်တဲ့ နင်က
နင့်ရဲ့ချစ်ဦးသူအပေါ်မှာတော့
ပြီးဆုံးသွားပြီဖြစ်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို
အနားမသတ်နိုင်လောက်အောင်
သူနဲ့အတူဆက်ရေးဆွဲချင်နေခဲ့တယ်နော်
တကယ်တမ်းတော့
အချစ်ဆိုတာ ငါ့အတွက်တော့
ဓားသွားပေါ်က ပျားရည်တစ်စက်ပါပဲ
အချစ်ရဲ့ချိုမြိန်မှုကိုဘယ်တုန်းကမှမခံစားဖူးခဲ့ပေမဲ့
နင့်အတွက်နဲ့ ၀မ်းနည်းလွမ်းဆွတ်မှုတွေ
မျက်ရည်များစွာနဲ့သာ အဖော်ပြုနေခဲ့ရတာပါ
အရမ်းချစ်ခဲ့မိတဲ့ ချစ်သူရေ
နင်တောင် နင်ချစ်တဲ့သူအပေါ်
ဒီလောက် ရင်ကွဲမတတ်ချစ်ခဲ့ဖူးပြီးပြီပဲ
ငါ့ဖက်ကိုကျမငဲ့ကွက်ပဲ ဘာလို့ဥပက္ခပြုနေနိုင်ခဲ့တာလဲ
နင့်အတွက် အရေးမပါတာကို အရာပေးနေမဲ့အစား
အရာထင်နေခဲ့တဲ့ နင့်လုပ်ရပ်တွေအတွက်
ထပ်ပြီးတော့ အရေးပေးလိုက်ပါ
တစ်သက်စာချစ်မိသွားအောင်ဖန်တီးပေးခဲ့ပေမဲ့
တစ်ခဏတာရက်စက်မှုတွေနဲ့
ငါ့ကို အပြီးတိုင်နှုတ်ဆက်သွားခဲ့ဖို့တော့
လိုအပ်လိမ့်မယ်...ချစ်သူ
ဒါမှ နင့်ရဲ့စစ်မှန်တဲ့ချစ်ခြင်းကို ရှာတွေနိုင်မှာမို့လို့ပါ....။
နင်နဲ့ငါ ဇာတ်လမ်းရဲ့နောက်ဆုံးမှာ
ဝမ်းနည်းလွမ်းဆွတ်မှုတွေနဲ့အနားသတ်ခဲ့ရမယ်ဆိုတောင်
ထာဝရထက်တစ်ရက်ပိုပြီး ချစ်ခဲ့မိတဲ့သူဟာ
နင့်အတွက် ငါကလွဲပြီးဘယ်သူမှမရှိနိုင်ခဲ့ဘူးလို့
ငါတစ်ထစ်ချပြောရဲတယ် ချစ်သူ
Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment