အမြင်အားဖြင့် မခန်းပေမယ့်
တင်စားဖြစ်တဲ့အသွင်
အထင်မှားချင်လည်းမှားစေတော့
….
ခြောက်သွေ့ကြေမွ
နေသားမကျတဲ့မြေမှာ
မှီတွယ်စရာအဆီအနှစ်
ပေဆက်ဖို့မလုံလောက်နိုင်
….
အသွင်ဆန်းကျယ်
မျိုးကျလွယ်တဲ့
တွယ်ရာမဲ့အရင်းအမြစ်
ငါ့မြေမှာဆင်းသက်ရှင်သန်ခဲ့
….
ပေါင်းမသင်ပေမယ့်
ရှင်သန်ခဲ့အပင်လေး
ရေးမပေးနိုင်လည်း
စိမ်းလန်းဆဲငါ့မြေပေါ်
….
နာရီတွေလည်ပါတ်လို့
ရာသီတွေကျေနပ်တဲ့အခါ
ဖူးပွင့်လာတဲ့ပန်းကလေး
ငါ့အသွေးလို့ထင်ခဲ့မိ
….
ကြည့်နေစဉ်ခဏ
ကြွေကျမယ့်ဖြစ်စဉ်အတွက်
မသင့်တော်တဲ့ငါ့မြေဟာ
မင်းအိပ်ယာအဖြစ်
လက်ခံဖို့ခက်နေတယ်
….
စစ္စလီ
No comments:
Post a Comment