Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ ရဲ့ Blogspot လေးကို လမ်းကြုံလို့ပဲဖြစ်ဖြစ် တကူးတက လာရောက်လည်ပတ်ပေးတာပဲဖြစ်ဖြစ် သူငယ်ချင်းများနဲ့မိတ်ဆွေများအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်ရှင်.... နောက်များလဲ အချိန်ရရင်ရသလိုလာရောက်လည်ပတ်နိုင်ပါတယ်..း) ကျန်းမာပျော်ရွှင်သောနေ့ရက်လေးတွေကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်...

Saturday, 31 March 2012

♥...မတောင်းဆိုရက်ဘူးချစ်သူ...♥

Oscar Chitthu | 20:39 | Best Blogger Tips
လွမ်းတယ်ဆိုတာအချစ်ရဲ့စကားဝှက်တစ်ခုလား..?
ရိုးသားပေးဖို့မတောင်းဆိုပါဘူး
ကြယ်ကြွေတယ်ဆိုတာ သူ့သဘာဝပဲလေ
တားဆီးလို့မရတဲ့အရာတစ်ခုကို
မလွန်ဆန်နိုင်ပါဘူး.....
တစ်ယောက်ထဲချစ်ပါလို့မပြောရက်ပါဘူး
အလိုက်သိနားလည်ပေးနိုင်ခဲ့ရင်တော့

အတိုင်းထက်အလွန်ပေါ့...
စက္ကန့်နဲ့အမျှသတိရပေးပါလို့ မတိုက်တွန်းပါဘူး
မဖြစ်နိုင်ဘူးဆိုတာကြိုသိနေလို့လေ
ဘယ်သူ့ကိုအချစ်ဆုံးလဲလို့မေးနေမယ့်အစား
ကိုယ့်ကိုယ်ကို ဘယ်လောက်ချစ်ခဲ့လည်းဆိုတာ မေးပါရစေ........?

 Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ

No comments:

Post a Comment