Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ ရဲ့ Blogspot လေးကို လမ်းကြုံလို့ပဲဖြစ်ဖြစ် တကူးတက လာရောက်လည်ပတ်ပေးတာပဲဖြစ်ဖြစ် သူငယ်ချင်းများနဲ့မိတ်ဆွေများအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်ရှင်.... နောက်များလဲ အချိန်ရရင်ရသလိုလာရောက်လည်ပတ်နိုင်ပါတယ်..း) ကျန်းမာပျော်ရွှင်သောနေ့ရက်လေးတွေကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်...

Friday, 30 March 2012

♥...ခံစားနားလည်တတ်စေသား...♥

Oscar Chitthu | 00:43 | Best Blogger Tips
ဘယ်သူမှမသိနိုင်ခဲ့တဲ့
ငါ့ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့အချစ်
နင်မသိခဲ့သလို
ငါကိုယ်တိုင်တောင်မရေရာမိခဲ့ပါဘူး
သတိရမိတဲ့ နေ့ရက်တွေ
လွမ်းဆွတ်ခဲ့တဲ့ အချိန်တွေတိုင်းမှာ
ငါဟာ နေမြင့်လေအရူးရင့်လေနှင့်
ငါ့ခံစားချက်ကို နင်သိအောင်
ဘယ်လိုများ ရင်ဖွင့်ပြရမလဲ
တကယ်တော့
လူသားတိုင်းခံစားတတ်တဲ့
အသည်းနှလုံးရှိတတ်ကြတာခြင်း အတူတူ
ရင်ဖွင့်ပြခွင်မရှိတဲ့ ငါ့တို့မိန်းကလေးတွေရဲ့
နှလုံးသား စကားအထာ
မျက်ဝန်းတွေမှာ အဓိပ္ပါယ်အပြည့်
ဒါတွေကို မျှဝေခံစားတတ်စေဖို့
ရင်ဘတ်တစ်ခြမ်း ခဏငှားမယ်


1 comment:

  1. အာ့ဆို ခု ငှား.... ဟီးးး။။ ကဗျာလေးကြိုက်၏...

    ReplyDelete