Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ ရဲ့ Blogspot လေးကို လမ်းကြုံလို့ပဲဖြစ်ဖြစ် တကူးတက လာရောက်လည်ပတ်ပေးတာပဲဖြစ်ဖြစ် သူငယ်ချင်းများနဲ့မိတ်ဆွေများအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်ရှင်.... နောက်များလဲ အချိန်ရရင်ရသလိုလာရောက်လည်ပတ်နိုင်ပါတယ်..း) ကျန်းမာပျော်ရွှင်သောနေ့ရက်လေးတွေကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်...

Wednesday, 28 March 2012

♥...ငုတ်လျှိုးသွားတဲ့ ပျံသန်းခြင်း...♥

Oscar Chitthu | 20:21 | Best Blogger Tips
ငါ့ရင်ခွင်ထဲမှာ
အကြင်နာသစ်သီးတစ်လုံး
ဆုံးရှုံးကျကြွေ
မြေမခမှီ ….
ရာသီအလိုက်
နာရီကိုက်အောင်
မှန်ဘောင်ထဲက
ဟန်ဆောင်လက်တံတွေ
ပြောင်းပြန်လည်နေခဲ့ပေါ့ ….
လသာနေတဲ့နေ့လည်ခင်းမှာ

သီချင်းဆိုနေတဲ့စာတစ်အုပ်
ကညာရုပ်နဲ့အဖွါးအိုထံ
အသနားခံနေလေရဲ့ ….
လေသလပ်မခံနိုင်တဲ့
လောင်စာမဲ့လတ်ဆတ်ခြင်းတွေ
အမှောင်လာမယ့်မနက်ခင်းအတွက်
နှုတ်ဆက်ခြင်းပြုမှာမဟုတ်ဘူး ….

♥...Syssli...♥

No comments:

Post a Comment