Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ ရဲ့ Blogspot လေးကို လမ်းကြုံလို့ပဲဖြစ်ဖြစ် တကူးတက လာရောက်လည်ပတ်ပေးတာပဲဖြစ်ဖြစ် သူငယ်ချင်းများနဲ့မိတ်ဆွေများအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်ရှင်.... နောက်များလဲ အချိန်ရရင်ရသလိုလာရောက်လည်ပတ်နိုင်ပါတယ်..း) ကျန်းမာပျော်ရွှင်သောနေ့ရက်လေးတွေကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်...

Wednesday 28 March 2012

♥...ဟာသကြိုက်သောသူငယ်ချင်းများအတွက်...♥

Oscar Chitthu | 20:55 | Best Blogger Tips
♥...မှတ်ကရော..♥

ကြွားဝါတတ်သော အမေရိကန်လူမျိုးတယောက်သည် လန်ဒန်ကိုရောက်ခိုက် တက္ကဆီငှား၍ လျှောက်လည်လိုက်သည်။

“ဒီဟာက လန်ဒန်မျှော်စင်ပါခင်ဗျား”
“ဒီအဆောက်အဦးက ဘုရင်မကြီးနေတဲ့ ဘက်ကင်ဟမ်နန်းတော်ပါခင်ဗျား”
“ဒီနန်းတော်လောက်တော့ ငါတို့ အမေရိကန်မှာ တစ်ပတ်နဲ့ ဆောက်လို့ရတယ်”
သူတို့ကားသည် ၀က်မင်စတာ ဘုရားရှိခိုးကျောင်းဘေးမှ ဖြတ်သွားစဉ် တိုးရစ်က မေးလိုက်သည်။
“ဒါက ဘာအဆောက်အဦးကြီးလဲကွ”
“ကျွန်တော် မသိဘူးဆရာ၊ ဒီမနက်အထိတော့ ဒီမှာမရှိသေးဘူးဗျ”
♥...ဆုတောင်းရခြင်းအကြောင်း...♥

ဘိုနူးသည် ညအိပ်ရာဝင်နီး တတွတ်တွတ် ဆုတောင်းနေသည်။
“နေပယ်မြို့ဟာ အီတလီနိုင်ငံရဲ့ မြို့တော်ဖြစ်ပါစေ။ နေပယ်မြို့ဟာ အီတလီနိုင်ငံရဲ့ မြို့တော်ဖြစ်ပါစေ။”
“ဘာဖြစ်လို့ နေပယ်မြို့ကို အီတလီနိုင်ငံရဲ့မြို့တော် ဖြစ်စေချင်တာလဲ ဘိုနူး”
“ဒီလိုပါ မေမေ၊ စာမေးပွဲအဖြေလွှာထဲ အဲ့ဒီလို ဖြေခဲမိလို့ပါ”
...........................................................
♥...သန်းကြွယ်သူဌေး...♥

“မင်းဝယ်ဖတ်တဲ့ သန်းကြွယ်သူဌေးဖြစ်နည်းစာအုပ် ငါ့ကို ခဏငှားဖတ်ကွာ”
“ရတယ် ရော့-ဒီမှာ”
“ဟင် မင်းစာအုပ်က စာမျက်နှာတစ်ဝက်ပဲ ရှိတော့ပါလားကွ”
“အေးလေ ဘာဖြစ်လို့လဲ သန်းတစ်ဝက်လောက်ပဲ ချမ်းသာရင် မင်း မကျေနပ်နိုင်ဘူးလား”
....................................................................
♥...တိရစ္ဆာန်မှတ်လို့..♥

“အမေက ရှင့်ကို အတော်စိတ်ဆိုးနေတယ်။ သူနေမကောင်းတာကို တိရစ္ဆာန်ဆေးကုဆရာဝန်နဲ့ ပြပေးလို့တဲ့”

“ဟင် မင်းပြောတော့ မင်းအမေနာမည်က ခွေးမဆိုကွ”
“အဲ့ဒါ အမေ့ရဲ့ ငယ်နာမည်ရှင့်”
.......................................................
♥...အနာဂတ်ကို မြင်ရသူ...♥

“ကျွန်တော်ဟာ အနာဂတ်ကို တွေ့နေရသလို ခံစားရတယ် ဒေါက်တာ”
“ဘယ်တုန်းက စဖြစ်တာလဲ”
“နောက်လာမယ့် အပတ်ကျမှ ဖြစ်မှာပါ”
....................................................
♥...သူ့ဆုတောင်း...♥

အိုင်ယာလန်နိုင်ငံရှိ ဆုတောင်းပြည့်ရေတွင်းကြီးသို့ လူလတ်ပိုင်းအရွယ် စုံတွဲနှင့် မိတ်ဆွေတစ်ယောက်တို့ ရောက်ရှိလာကြသည်။

ခင်ပွန်းသည်က အကြွေတစ်စေ့ကို တွင်းထဲပစ်ချပြီး ငြိမ်သက်စွာအာရုံပြုဆုတောင်းနေသည်။ ဇနီးသည်ကလည်း သူ့ခင်ပွန်းကဲ့သို့ ပြုလုပ်လိုက်သည်။ သို့သော် အကြွေစေ့ပစ်ချစဉ် အရှိန်လွန် ခြေချော်ကာ တွင်းထဲလိမ့်ကျသွားသည်။

လောလောလတ်လတ် မုဆိုးဖိုဖြစ်သွားသည့် ခင်ပွန်းဖြစ်သူက သူ့မိတ်ဆွေကို လှည့်ပြောလိုက်သည်။
“ချက်ချင်းဆုတောင်းပြည့်တာ အံ့စရာပဲဗျား”
...........................................................
♥...ဆင်းရဲသားကား...♥

ဗွီဒီယိုရိုက်ကူးထုတ်လုပ်သူက ဆင်ဆာဘုတ် အဖွဲ့ကို အသနားခံလိုက်သည်။
“ဆရာသမားတို့ရယ်၊ ဒီဇာတ်ကားက စရိတ်နည်းနည်းနဲ့ အလုပ်ဖြစ်ရုံပဲ ရိုက်ကူးခဲ့ရတာပါ။ သရုပ်ဆောင်တွေအတွက် အ၀တ်အစားဖိုးတောင် အကုန်အကျ မခံနိုင်ခဲ့ပါဘူး”
......................................................................
♥...ကယ်ခဲ့ပေမယ့်...♥

မစ္စတာတီသည် သူ့ခေတ်သူ့အခါက အလွန်ထင်ပေါ်ကျော်ကြားသူဖြစ်သည်။ တစ်ခါက မီးလောင်နေသော အဆောက်အဦးထဲဝင်ရောက်၍ လူလေးဦးကို ကယ်ထုတ်ပေးခဲ့သည်။

သို့သော် ကံအကြောင်းမလှစွာဖြင့် ထိုသူလေးယောက်စလုံးမှာ မီးသတ်သမားများချည်း ဖြစ်နေကြလေသည်။
..................................................................
♥...ထမင်းပို့နည်း...♥

မနက်ခင်းတစ်ခု၌ အသက်ကြီးကြီး အဒေါ်တစ်ယောက် အထုပ်ငယ်တစ်ခုကို ကိုင်၍ လိုက်ပါလာသည်။
ကားမှတ်တိုင်တစ်ခုတွင် ထိုမိန်းမကြီး ဆင်းမည်ပြုသောအခါ အထုပ်ငယ်ကျန်ရစ်ခဲ့သဖြင့် ကျွန်တော်က သတိပေးလိုက်သည်။

“အဒေါ်ကြီး ဒီမှာ အထုပ်ကျန်ရစ်ခဲ့တယ်”
“ထားလိုက်ပါ ငါ့တူရယ်၊ ဒီအထုပ်က အဒေါ့် ယောကျာ်းရဲ့ ထမင်းထုပ်ပါ။ သူက မေ့ကျန်ပစ္စည်း လက်ခံတဲ့ဌာနမှာ လုပ်တယ်ကွဲ့”
........................................
♥...ကြည့်ရှင်းသွားလိမ့်မယ်..♥

“ဟေ့ဝိတ်တာ၊ ငါ့လက်ဖက်ရည်ခွက်ထဲမှာ ယင်ကောင်ကြီးနဲ့”
“ဘာမှမပူနဲ့၊ လူကြီးမင်းရဲ့ ပေါင်မုန့်ယိုသုတ်ပေါ်မှာရှိတဲ့ ပင့်ကူက ကြည့်ရှင်းသွားလိမ့်မယ်”

No comments:

Post a Comment