Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ ရဲ့ Blogspot လေးကို လမ်းကြုံလို့ပဲဖြစ်ဖြစ် တကူးတက လာရောက်လည်ပတ်ပေးတာပဲဖြစ်ဖြစ် သူငယ်ချင်းများနဲ့မိတ်ဆွေများအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်ရှင်.... နောက်များလဲ အချိန်ရရင်ရသလိုလာရောက်လည်ပတ်နိုင်ပါတယ်..း) ကျန်းမာပျော်ရွှင်သောနေ့ရက်လေးတွေကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်...

Thursday, 29 March 2012

♥...FoR Ch!tThU...♥

Oscar Chitthu | 19:32 | Best Blogger Tips

 အထီးကျန်ဆန်တဲ့ နေ့ရက်တွေမှာ
တိတ်တဆိတ်လွမ်းဆွတ်ခွင့်လေးတွေနဲ့
တိုတောင်းလှတဲ့ ကာလလေးတစ်လျှောက်မှာ
သတိရချင်းများစွာကို စာရွက်ပေါ်မှာသီကုံးရေးသားရင်း
တိတ်တိတ်လေးပဲ နင့်ကိုမျှော်လင့်နေမိတယ်..
ဘ၀နဲ့ဆန္ဒသာတစ်ခုတည်းဖြစ်ခွင့်ရရင်
နင်ဆိုတာ ငါ့အတွက်ခိုနားရာကမ္ဘာငယ်လေး
တစ်ခုဖြစ်ခွင့်ရပါစေလို့ပေါ့....
ချစ်သူနင့်အတွက်ငါပေးဆပ်နိုင်တာက
နားလည်မှုတွေနဲ့ဖွဲ့စည်းထားတဲ့
ငါ့နှလုံးသားလေးတစ်ခုပါပဲ..
အရာရာ နင့်ဆန္ဒတစ်ခုတည်းဖြစ်ခွင့်ပေးခဲ့တာ
ဘာအတွက်ရယ်လို့တော့ ငါမပြောခဲ့ရင်တောင်
နင့်သိနိုင်လိမ့်မယ်လို့ ငါမျော်လင့်တယ်
ဒါကြောင့် တကူးတက ပြောနေစရာမလိုတော့ပါဘူး
နင်သိထားဖို့က အရာအားလုံးနင့်အပေါ်မူတည်နေတယ်ဆိုတာကိုပေါ့...

No comments:

Post a Comment