Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ ရဲ့ Blogspot လေးကို လမ်းကြုံလို့ပဲဖြစ်ဖြစ် တကူးတက လာရောက်လည်ပတ်ပေးတာပဲဖြစ်ဖြစ် သူငယ်ချင်းများနဲ့မိတ်ဆွေများအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်ရှင်.... နောက်များလဲ အချိန်ရရင်ရသလိုလာရောက်လည်ပတ်နိုင်ပါတယ်..း) ကျန်းမာပျော်ရွှင်သောနေ့ရက်လေးတွေကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်...

Sunday, 22 April 2012

ဟာသများ

❤ OSC@R ❤ | 23:21 | Best Blogger Tips

ကြောက်တာပေါ့အမေရ


တစ်ခါက ခွဲစိတ်ခန်းကနေ လူနာတစ်ယောက် ထွက်ပြေးလာတာကို
အပြင်မှာရှိတဲ့လူနာရှင်အမေက မေးတယ်.....
အမေ။ ။သားခွဲစိတ်လို့ မပြီးသေးဘဲနဲ့ ဘာလို့ ထွက်လာတာလဲ...
သား။ ။မကြောက်ပါနဲ့ ခွဲစိတ်မှုအောင်မြင်မှာပါလို့ ပြောလို့အမေရ
အမေ။ ။သြော်သားကလည်း ဒါကအားပေးစကားလေ ကြောက်ပြီးထွက်ပြေးစရာမလိုပါဘူး...သားကြောက်မှာစိုးလို့ပြောတဲ့ဟာကို...
သား။ ။ကြောက်တာပေါ့အမေရ..သားကိုပြောတာမှ မဟုတ်တာ..သူနာပြုဆရာမက ဆရာဝန်လက်တုန်နေတာတွေ့လို့ ပြောတာအမေရ..
ဖေဖေ့ဧည့်သည်

တစ်ခါတုန်းက ရွာတစ်ရွာမှာ ကိုလှဦး၊ မသင်းနှင့် သူတို့ရဲ့သားလေးတူးတူးနှင့်ဆိုပြီး သားအဖ သုံးယောက်နေထိုင်ကြတယ်တဲ့ ..
တစ်နေ့တော့ ကိုလှဦးရဲ့သူငယ်ချင်းဖြစ်သူ မြို့သားတစ်ယောက်ရောက်လာလည်တယ်တဲ့..
ကိုလှဦး။ ။ ကဲသူငယ်ချင်း ရောက်တုန်းရောက်ခိုက် ရေအရင်ချိုးလိုက်ကွာ ပြီးရင်ထမင်းစားရအောင်တဲ့
ဧည့်သည်။ ။ အေးပါကွာ ပြီးတော့စားကြတာပေါ့။ အခုငါရေချိုးလိုက်ဦးမယ် ဆိုပြီး ရေသွားချိုးဖို့ ထွက်သွားတယ်တဲ့
သား။ ။ ဖေဖေ ဒီနေ့ သားတို့စားဖို့ ငါးက တစ်ကောင်ပ။ဲရှိတယ်နော်။ ဖေဖေ့ဧည့်သည်က ကြည့်ရတာ အစားတော်တော်ကြီးမယ့်ပုံပဲ
တော်ကြာနေ သားသားစားဖို့ ဘာမှမကျန်ပဲနေဦးမယ်နော် ဖေဖေ။
ကိုလှဦး။ ။ သားကို ဖေဖေပြောပြမယ် မှတ်ထားသား။ ကလေးဆိုတာ ဘယ်တော့မှ ဧည့်သည်နဲ့အတူတူ မစားရဘူး။ ဧည့်သည်ဆိုတာ အိနြေ္ဓရှိရတယ်။ သူများအိမ်မှာ ထမင်းစားတယ်ဆိုရင် ဟင်းတွေကို ဘယ်တော့မှ ကုန်အောင်မစားရဘူး။ ဟန်ပြလောက်ပဲစားရတာသားရဲ့ ဥပမာကွာ ငါးဟင်းဆိုပါတော့ ငါးကိုတစ်ဖက်ပဲစား
ရတာသားရ။ နောက်တစ်ဖက်ကို လှန်မစားရဘူး။ ဒါဧည့်သည်စောင့်ထိန်းရမယ့် လူ့မှုစည်းကမ်းပေါ့ သားလေးရယ်။
သားသား။ ။ ဟုတ်ကဲ့ပါဖေဖေ

ဧည့်သည်။ ။သူငယ်ချင်းရေ ရေချိုးပြီးပြီကွာ ရေချိုးရတာကောင်းလိုက်တာကွာ။ ရာသီဥတုက ပူနေတော့ တော်ကိုမတော်ချင်းဘူး အခုမှ ပေါ့ပါးသွားတော့တယ်။
ကိုလှဦး။ ။ ကဲဒါဆို ထမင်းတစ်ခါတည်းစားကြရအောင်ကွာ။ အားလုံးအဆင်သင့်ပဲ။
ဧည့်သည်။ ။ အေးစားရတာပေါ့ သူငယ်ချင်းရယ်ဆိုပြီး ထမင်းလက်ဆုံစားကြတယ်တဲ့။
ဧည့်သည်ကလဲ ထမင်းစားရတာ အတော်ကိုမြိန်တာနဲ့။ ငါးကိုနောက်တစ်ဖက်လှန်လိုက်တယ်ဆိုရင်ပဲ
သား။ ။ဖေဖေရေ ဖေဖေ့ဧည့်သည်ကြီးက သားစားမယ့် ငါးနောက်တစ်ခြမ်းကို လှန်နေပြီလှန်နေပြီ။
ကိုလှဦး။ ။ ဟာသားကလဲ ဦးဦးကို အဲ့လိုမပြောရဘူးလေ။
သားပြောလိုက်ပုံက ...........
သား။ ။ ဟာဖေဖေပဲပြောထားပြီးတော့။ ဧည့်သည်ဆိုတာ ငါးကို တစ်ဖက်ပဲစားရတာ။ နောက်တစ်ဖက်ကို မလှန်ရဘူးဆို။
ဒီဦးဦးက နောက်တစ်ဖက်လှန်ပြီးစားတော့ သားစားဖို့ကျန်တော့ဘူးပေါ့။

No comments:

Post a Comment