Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ ရဲ့ Blogspot လေးကို လမ်းကြုံလို့ပဲဖြစ်ဖြစ် တကူးတက လာရောက်လည်ပတ်ပေးတာပဲဖြစ်ဖြစ် သူငယ်ချင်းများနဲ့မိတ်ဆွေများအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်ရှင်.... နောက်များလဲ အချိန်ရရင်ရသလိုလာရောက်လည်ပတ်နိုင်ပါတယ်..း) ကျန်းမာပျော်ရွှင်သောနေ့ရက်လေးတွေကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်...

Saturday, 21 April 2012

♥...ဒီအတိုင်းလေးပါပဲ ချစ်သူ...♥

Oscar Chitthu | 02:46 | Best Blogger Tips
ဒီအတိုင်းလေးပါပဲ ချစ်သူ

ငါ ရဲ့ ချစ်ခြင်းတွေနဲ့ နင့်ကိုမချည်နှောင်ထားခြင်ဘူး

လွတ်လပ်ပျော်ရွှင်နေတဲ့ နင်ဘ၀ရဲ့ မြို့ ပြတွေထဲ

မီးတိုင်လိုဘ၀မျိုးနဲ့  နင့် အားအလင်းပေးခွင့် ရမယ်ဆိုတောင်

ငါကျေနပ်မှာပါ

ဘ၀လမ်းတွေထဲ နင် နာကျင်လဲ ကျတဲ့ အခါ

နင့် ရဲ့ မျှော်လင့် ချက်တွေ ပျောက်ဆုံးတဲ့ အခါ
နင့် မျက်ရည်စတွေ ပိုင်ရှင်မရှိတော့ တဲ့ အခါ

နင့် ထံ ပါးမှာဒူးထောက်ခစားငါရောက်လာခဲ့ မယ်

မောပမ်းနာကျင်သမျှ နားခိုလှဲ့ ပါ

နားလည်မှု့ များ မြတ်နိုးခြင်းများစွာတို့ နဲ့ 

တစ်သက်လုံးယုယ ထွေးပွေ့ ထားပါမယ်ချစ်သူ

ဘယ်သောအခါမှပျောက်ကွယ်သွားမှာမဟုတ်သော

ဘယ်သောအခါမှပြောင်းလဲ သွားမှာမဟုတ်သောချစ်ခြင်းများစွာတို့ နဲ့ 

ငါမင်းကိုချစ်ခဲ့ မိတယ်ချစ်သူ

မင်းအတွက်ငါ နံပါတ်ဘယ်လောက်လဲ ဆိုတာ ထက်

မင်းရဲ့ နောက်ဆုံးနဲ့  မင်းကို အချစ်ဆုံးဆိုတာ ကိုပဲ

ကဗျည်းမှတ်တမ်းရေးထိုးခြင်တာပါ

ဒီအတိုင်းလေးပါပဲ ချစ်သူ

No comments:

Post a Comment