Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ ရဲ့ Blogspot လေးကို လမ်းကြုံလို့ပဲဖြစ်ဖြစ် တကူးတက လာရောက်လည်ပတ်ပေးတာပဲဖြစ်ဖြစ် သူငယ်ချင်းများနဲ့မိတ်ဆွေများအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်ရှင်.... နောက်များလဲ အချိန်ရရင်ရသလိုလာရောက်လည်ပတ်နိုင်ပါတယ်..း) ကျန်းမာပျော်ရွှင်သောနေ့ရက်လေးတွေကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်...

Wednesday, 30 May 2012

♥...အဆိပ်သင့်နေ့ရက်များ...♥

❤ OSC@R ❤ | 04:29 | Best Blogger Tips
အပ်ကြောင်းထပ်နေတဲ့အလွမ်းဒဏ်ရာတွေ
စည်းချက်မမှန်နိုင်တော့တဲ့ ရင်ခုန်သံသဲ့သဲ့လေး
မပီပြင်ဝိုးတ၀ါးနဲ့ ရှေ့ဆက်လျှောက်လှမ်းရမဲ့ခရီးလမ်းက
ငါ့အတွက် အပြာဖျော့ဖျော့မျော်စင်တစ်ခုဆန်လာခဲ့တယ်
ဖေးမကူညီမှုမဲ့နေတဲ့ ငါ့အတွက် လျှောက်လှမ်းရမဲ့ခရီးလမ်းမှာ
ဘယ်လိုမှ ဆက်လက်ရပ်တည်နိုင်တဲ့အားအင်သစ်တွေ 
မွေးဖွားနိုင်လောက်မှာမဟုတ်တော့ဘူး...။
သန်ခေါင်အပြင်ညဉ့်မနက်ဘူးဆိုပေမဲ့

ခါးသီးခြင်းရဲ့ အလွမ်းဒဏ်ရာတွေ
ရက်စက်လွန်းတဲ့ဥပက္ခာတွေရတဲ့အခါ ရင်နာတယ်
နင့်နှုတ်ဖျားက ငါ့ကိုချစ်တယ် လို့ဝန်ခံခဲ့ပေမဲ့
ငါ့တစ်ယောက်တဲပိုင်ဆိုင်ခွင့်မရှိတဲ့ နင့်နှလုံးသားတစ်စုံ
ငါ့ဆီနားခိုမယ်လို့ ဆုံးဖြတ်ပြီးမှ သမိုင်းဟောင်းပြန်လှန်
နင့်ရဲ့အတိတ်ကိုတူးဆွ ကုန်လွန်သွားတဲ့ပြက္ခဒိန်တွေနောက်ပြန်လှန်နေတဲ့
နင့်ရဲ့ဒွိဟစိတ်တွေကြားမှာ ငါဟာအဖြည့်ခံချစ်သူတစ်ယောက်ဖြစ်လို့နေမလား...?


Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ

No comments:

Post a Comment