ကျွန်တော်ငယ်ငယ်ကတည်းက ဟာသလေးတွေဆိုရင်
အရမ်းကြိုက်ပါတယ်.. ဘာဖြစ်လို့လဲဆိုရင်ဟာသဆိုတာ အသက်မဲ့ပေမယ့်
လူတွေကိုပျော်ရွှင်အောင် လုပ်နိုင်တယ်လေ .. စိတ်သောကတွေကို
လွှင့်ပစ်လိုက်နိုင်တဲ့ စွမ်းအားရှိတယ်.. ကျွန်တော် မှတ်မိတဲ့
ဟာသလေးတစ်ခုရှိတယ်သိလား. သူငယ်ချင်းတွေအတွက်ပါ...
တစ်ခါတုန်းက
မြို့လယ်ခေါင်က ဈေးကြီးတစ်ခုရဲ့ လူစီကားရာတစ်နေရာမှာပေါ့
တောသားလေးတစ်ယောက် မျက်နှာငယ်လေးနဲ့ အော်အော်ပြီးရောင်းနေတာတွေ့တယ် ..
တောသား
... ဟုတ်ကဲ့ ကျွန်တော်အိမ်မှာ စီးပွားရေးအခြေအနေသိပ်မကောင်းပါဘူးခင်ဗျာ။
အတော်လေးကို အခက်အခဲဖြစ်နေပါတယ်။ အခုဆိုရင် စားဝတ်နေရေးအဆင်မပြေတာနဲ့
ကျွန်တော့်ရဲ့ နွားအိုလေးကို ထုတ်ရောင်းရတာပါ။ ကျွန်တော့် နွားလေးက
အိုနေပေမယ့် ခိုင်းလို့တော့ရပါသေးတယ် .. ကျွန်တော့်ကို
ကူညီမှုလေးပေးတဲ့အနေနဲ့ နွားလေးကို (၅၀၀)ပဲပေးပါ။ (၅၀၀)ဆိုတာ
အတော်နဲတဲ့ငွေကြေးလေးပါ ..
အဲ့လိုလေး အော်ရောင်းနေတာ
ပထမရက်ကျော်လို့ ဒုတိယရက်ကိုတောင် ရောက်လာပါပြီ ဒါပေမယ့်
ကိုတောသားအော်ရောင်းနေတုန်းပါ.နွားလေးကလဲ အနားမှာ
ဟိုကြည့်ဒီကြည့်နဲ့ပေါ့..လာကြပါခင်ဗျာ လာကြပါ .. အစ်ကိုတို့အစ်မတို့
(၅၀၀)နဲ့ပဲယူကြပါခင်ဗျာနဲ့ပေါ့ ..
ဒါပေမယ့် ဘယ်သူမှ သူ့ဆီကို လာမမေးကြ၊ လာမ၀ယ်ကြပါဘူး.. လာဝယ်ဖို့နေနေသာသာ လှည့်တောင် မကြည့်ပါဘူးဗျာ..
အဲ့သိပ်မကြာပါဘူး
အ၀တ်အစားသန့်သန့်ပြန့်ပြန့်နဲ့ လူငယ်တစ်ယောက် ရောက်လာပါတယ် .. ပြီးတော့
ကိုတောသား နွားရောင်းတာကို ကြည့်လဲကြည့်။ ပြီးတော့ ပြုံးလဲပြုံးပေါ့။
သနားလဲသနားသွားတယ် ထင်ပါတယ် .. ဒါနဲ့ ကိုတောသားနားကိုသွားပြီးတော့
ခပ်တိုးတိုးလေး ပြောလိုက်တယ် ..
မြို့သား ...... အစ်ကိုဈေးရောင်းနေတာ ၂ ရက်တောင်ရှိပြီနော် .. မနေ့ကလဲ တွေ့တယ်တောသား .... ဟုတ်ပါတယ် ညီလေးရာ။ ကံမကောင်းတာနဲ့တူပါတယ်။ ကံကိုကဆိုးလွန်းပါတယ် ညီရာ ..မြို့သား ......
ကဲ အစ်ကို ကျွန်တော်ရောင်းပေးမယ်ဗျာ . ဒါပေမယ့် ကတိတစ်ခုတော့ပေး
ကျွန်တော်ရောင်းနေတုန်း အစ်ကို ၀င်မပြောနဲ့ ။
ဘေးနားလေးမှာပဲထိုင်ပြီးကြည့်နေနော်။ ကျွန်တော်ရောင်း ပေးတဲ့အတွက်
တစ်ပြားမှလဲပေးစရာ မလိုပါဘူး အစ်ကို။ စေတနာနဲ့ကူညီပေးတာပါ။ အစ်ကို အရင် က ရောင်းဈေး ဘယ်လောက်နဲ့ ခေါ်ထားတာလဲ။တောသား..... ၅၀၀ နဲ့ ညီလေး
မြို့သား .......
ကျွန်တော် ၆၀၀ နဲ့ရောင်းပေးမယ်။ ကဲကဲ ကျွန်တော်ရောင်းတော့မယ်။ စိတ်ချ
ဒီနွားရောင်းကို ရောင်းရစေမယ် စိတ်ချဆိုပြီး ဟန်ပါပါနဲ့
ဈေးဝယ်များဖက်လှည့်ပြီး အော်လိုက်တာက ..
ကဲကဲလာကြနော် ဒီနွားလေးကိုကြည့်ရင် ပိန်တယ်လို့ဆိုပေမယ့်.. တစ်ကယ်ဆိုရင် တစ်ကယ်ကိုသန်တာနော် ..
သူ့မျိုးကိုက
ကြည့်ပါလား။ မျိုးကောင်းမျိုးသန့်ကိုဗျ။ ဟိုတစ်ခါကဆိုရင်
နွားလားဥသဖလားတောင် အောက်မေ့ရတယ်။ သူများနွားတွေက နွားလှည်းဆို
နွားနှစ်ကောင်နဲ့မှ ရုန်းနိုင်တာနော်။ ဒီကောင်က ဒီလိုမဟုတ်ဘူး ၂
ကောင်တွဲပေးရင် မဆွဲတော့ဘူးဗျာ။ တစ်ကောင်တည်း တပ်ပေးမှ ဆွဲတာ ..
တော်တော်ဆိုး တဲ့ကောင်ကြီးဗျာ .. လိမ်လဲလိမ်မာတယ် .. သန်တာလဲ တစ်ခါကဆို
လှည်းတစ်စီး နွံထဲနစ်နေလို့ ဆွဲလိုက်တာ တစ်ချက်တည်းပဲ အဲ့ဒီ့နေ့ကဆို လည်း ၂
စီးလုံးမှာ ကုန်အပြည့်နဲ့ ဒီကောင်ကြီးတစ်ကောင်တည်း ဆွဲတာပေါ့။
တစ်ခြားမကြည့်နဲ့ဦး သူ့အဖေ နွားနီကိုကြည့် သေခါနားနီးတောင်
ဘာလုပ်ပေးရဦးမလဲဟင် လို့မေးပြီး သေသွားရှာတာ။ အခုကျွန်တော်
ဒီကောင်ကြီးကိုရောင်းရတာလဲ ကျွန်တော် တစ်ခြားမြို့ကို ပြောင်းတော့ မယ်လေ..
ဒါ့ကြောင့်ရောင်းရမှာပါ။ တစ်ကယ်ဆို မရောင်းချင်ပါဘူးဗျာ။ လာဝယ်ကြနော် ၆၀၀
တည်းပါ မများ ပါဘူး. နောက်နောင် ဒီလိုနွားမျိုးသန့်မျိုး ရဖို့ဆိုတာ
အိပ်မက်တောင် မက်လို့ရမှာမဟုတ်ဘူးနော်.. ကဲကဲလာကြ လာကြ.
ဒီလိုနဲ့ ကိုမြို့သားက စီကာပတ်ကုံးနဲ့ပြောလိုက်တာ လူတွေတောင် ၀ိုင်းလာတယ် .. အဲ့ဒီ့အချိန် ကိုတောသားက ဗြုန်းဆို ကိုမြို့သားရှေ့
ကိုရောက်လာပြီးတော့ ..
တောသား..... တော်ပြီ ညီလေး အစ်ကို့နွားကို အစ်ကိုမရောင်းတော့ဘူး.. ကို့နွားမျိုးသန့်ကြီးကို ဘယ်တော့မှလဲ မရောင်းတော့ဘူး..
ညီလေးပြောမှ
ကို့နွားဒီလောက်တော်မှန်းခုမှသိတယ်ဗျာ.. ဒီလောက်တောင်တော်တဲ့
ကို့ဒီနွားလေးကို ကိုယ်ကိုယ်တိုင်ပဲ ခိုင်းတော့မယ် .. ကဲကဲ ကိုပြန်ပြီညီလေး
ဆိုပြီး နွားကို ဆွဲပြီးတော့ တောကိုပြန်သွားတယ်ဗျာ
ကိုမြို့သားလဲ ပါးစပ်အဟောင်းသားနဲ့ ကျန်ခဲ့တာပေါ့ဗျာ .. စိတ်ထဲမှာတော့ တွေးလိုက်ပါတယ် .. ဖြစ်ရလေ ကိုတောသားရယ်တဲ့
No comments:
Post a Comment