Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ ရဲ့ Blogspot လေးကို လမ်းကြုံလို့ပဲဖြစ်ဖြစ် တကူးတက လာရောက်လည်ပတ်ပေးတာပဲဖြစ်ဖြစ် သူငယ်ချင်းများနဲ့မိတ်ဆွေများအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်ရှင်.... နောက်များလဲ အချိန်ရရင်ရသလိုလာရောက်လည်ပတ်နိုင်ပါတယ်..း) ကျန်းမာပျော်ရွှင်သောနေ့ရက်လေးတွေကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်...

Monday, 9 April 2012

♥...ကဗျာတစ်ပုဒ်ရဲ့သံစဉ်...♥

Oscar Chitthu | 20:40 | Best Blogger Tips
နှလုံးသည်းခြေက
ပေါက်ဖွားလာတဲ့
အချစ်တစ်ခုကို
ကဗျာတစ်ပုဒ်အဖြစ်
နင် တန်ဖိုးထားကြည့်စမ်းပါ
စစ်မှန်တဲ့ချစ်ခြင်းတွေ
နင့် ရဲ့ရင်ထဲမှာ
ကိန်းဝပ်နေမယ်ဆိုရင်ပေါ့
ဘယ်လောက်မြတ်နိုးဖို့
ကောင်းတယ်ဆိုတာ နင် သိပါလိမ့်မယ်……
ကဗျာဆရာတစ်ယောက်မဖြစ်ချင်နေပါ
အနန္တအသင်္ချေ
တည်ရှိနေတဲ့စာသားတွေကို
ကဗျာတစ်ပုဒ်အဖြစ် ဖွဲ့နေရရင်
တမလွန်ဘ၀ကို ပျော်ရွှင်စွာနဲ့
သေပွဲဝင်ရပါစေကျေနပ်နိုင်ပါတယ်….
နင့် ရဲ့အချစ်တွေကို
ဒီကမ္ဘာပေါ်မှာ မပေးချင်ဆုံး
လူသားတစ်ယောက်အဖြစ်နဲ့
ငါဖြစ်နေပါစေဦး
အဲဒီအချစ်တွေကို
ကဗျာတစ်ပုဒ်အဖြစ်ဖွဲ့ပြီး
ငါမြတ်နိုးပါရစေ…..
ဒါဟာငါ့ရင်ထဲက
မွန်မြတ်သန့်စင်တဲ့

ကဗျာတစ်ပုဒ်ရဲ့သံစဉ်ပါပဲ……

No comments:

Post a Comment