ဥပက္ခာတရားက
တွန်းချသွားခဲ့တဲ့
ငါ့ရဲ့မေတ္တာတွေဟာ
အလွမ်းဝင်္ကဘာချောက်ထဲမှာ
မိုက်မဲစွာပိတ်မိရင်း
ဒုက္ခတွင်းဝကပေါ်လာမယ့်
အကြင်နာအရိပ်အယောင်ကို
ဟန်မဆောင်နိုင်လောက်အောင်မျှော်လင့်နေမိလေရဲ့ ….
အချစ်အရိပ်နဲ့ ကင်းကွာလာတဲ့
ရင်ခွင်နှလုံးအိမ်မှာ
အမုန်းတွေပေါက်ဖွါးမလာအောင်
စောင့်စားနေတဲ့စာနမှု
သံသယရာသီဥတုကြောင့်
အမောဖောက်အသက်ငင်လို့ ….
ဆာလောင်နေတဲ့အသည်းဟာ
သံယောဇဉ်ပြာတွေပေါ်မှာအိပ်စက်
နှုတ်ဆက်နေတဲ့နွေးထွေးမှုကို
အရေးယူဖို့မတတ်နိုင်ခဲ့ဘူးလေ ….
စစ္စလီ
No comments:
Post a Comment