Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ ရဲ့ Blogspot လေးကို လမ်းကြုံလို့ပဲဖြစ်ဖြစ် တကူးတက လာရောက်လည်ပတ်ပေးတာပဲဖြစ်ဖြစ် သူငယ်ချင်းများနဲ့မိတ်ဆွေများအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်ရှင်.... နောက်များလဲ အချိန်ရရင်ရသလိုလာရောက်လည်ပတ်နိုင်ပါတယ်..း) ကျန်းမာပျော်ရွှင်သောနေ့ရက်လေးတွေကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်...

Friday, 6 April 2012

♥...အလွမ်းရပ်ဝန်း၌တည်သောမိုး...♥

Oscar Chitthu | 19:38 | Best Blogger Tips
မျက်ဝန်းကမျက်ရည်တို့
တလှိမ့်လှိမ့်ချွေချ...
ချစ်ခြင်းတို့ငွေ့ရည်ဖွဲ့
လေဟာပြင်မှာတိမ်အဖြစ်နဲ့ဆင်
ထက်ကောင်းကံမှာမိုင်း
ရိုင်းနေတဲ့အလွမ်းလျှပ်ပန်း
ရင်ခွင်မှာနွမ်းလျှနေတုန်းလေ

စူးရှတဲ့နက်ဒဏ်ရာ
ဖော်ကွာသူရဲ့အဆွေးမီးကို
ဒီမိုးကဘယ်လိုအစိုးရမလဲ
ငါ့ကမ္ဘာထဲစွေရုံနဲ့
အကြွေပန်းတို့လန်းမလာဘူး

တိုးညှင်းစွာတိုက်တဲ့လေ
တည်လေသောအလွမ်းရပ်ဝန်း
ဖြေဆည်ခြင်းငှာမစွမ်းသာတော့
ငါ့ကောင်းကင်ရဲ့လက်တွေ
ကဗျာကိုသာငတ်မွတ်ခဲ့ကြတယ်...

ကြွေပါလေမိုးစက်ပွင့်တို့
ခြွေပါစေအနမ်းရင့်ရင့်တို့နှင့်
ငါ့မျှော်ကိုးတဲ့လရောင်ကိုကွယ်တဲ့.....တိမ်ဆိုး
ငါ့ညတွေအလံလဲခဲ့ရပေါင်းလဲများပြီ.

ငါ့အလွမ်းနဲ့ဆင်သောမိုးရေ
ဒီရင်ခွင်ကန္တာရကို...
ခပ်ကြမ်းကြမ်းရွာချပစ်လိုက်ပါ...
ငါ့ကောင်းကင်လင်းချင်းသွားတဲ့ထိ...

သားငယ်လေး

No comments:

Post a Comment