ကလေးကလား
အချစ်တွေနဲ့ယှဉ်ပြီး
အလေးမထားတဲ့
အပြင်
အကြွေးထားခဲ့တဲ့သံယောဇဉ်
မလေးစားချင်လည်းနေပါစေ
….
နင့်အပေါ်ချည်နှောင်ခဲ့တဲ့
ငါ့ရဲ့သံယောဇဉ်ကြိုး
ဘယ်တန်ခိုးနဲ့ဖြတ်လို့
တန်ဖိုးသတ်မှတ်ချင်လို့လဲ
….
ဘ၀ခြားရဟတ်တဟ်ပါတ်လည်လည်း
သံယောဇဉ်ပြတ်စဲမယ်မထင်လေနဲ့
အဆင်ပြေသလိုတွယ်ငြိရင်း
ရင်ခွင်တွင်းအရောက်လာမယ့်သူ
….
ရင်ခွင်တွင်းကသံယောဇဉ်
မင်းငြိုငြင်နိုင်ပါ့မလား
ခံစားချက်နဲ့
အသက်ရှင်နေရင်ပေါ့လေ ….
သံယောဇဉ်က
မင်းကိုခွဲခွါရင်
နာကျင်မှုမရှိပဲ
ဥပက္ခာပြုရဲပါ့မလား
သွေးသားထဲမှာ
ဖြစ်တည်ခဲ့ရင်ပေါ့
….
မင်းမသိနိုင်တော့တဲ့ငါ့ကို
ချစ်စကားတဖွဖွပြောတဲ့အခါ
ငါ့ရင်ကိုအသာပိတ်
တိတ်တိတ်ကလေးနေပေးမယ်လေ
မင်းကျေနပ်နိုင်ပါစေ
….
စစ္စလီ
No comments:
Post a Comment