Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ ရဲ့ Blogspot လေးကို လမ်းကြုံလို့ပဲဖြစ်ဖြစ် တကူးတက လာရောက်လည်ပတ်ပေးတာပဲဖြစ်ဖြစ် သူငယ်ချင်းများနဲ့မိတ်ဆွေများအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်ရှင်.... နောက်များလဲ အချိန်ရရင်ရသလိုလာရောက်လည်ပတ်နိုင်ပါတယ်..း) ကျန်းမာပျော်ရွှင်သောနေ့ရက်လေးတွေကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်...

Thursday, 29 March 2012

♥...နှိုးထလိုက်တော့ကောင်လေးရေ...♥

Oscar Chitthu | 20:35 | Best Blogger Tips

ကောင်လေးရေ
ချိုသာတဲံစကားလုံးလေးတွေသုံးပြီး
မင့်နဲ့ငါ့ကြားက ဖြူစင်တဲံအချစ်တွေကို
အရောင်မဆိုးချင်ပါနဲ့..♥♥
မင့်တောင့်တမက်မောတဲ့အချစ်မျိုး
ငါ့ဆီမှာ မရှိခဲ့ပါဘူး..♥♥
ငါချစ်ခဲ့တာသူငယ်ချင်းအချစ်ပါ..

ငါ့ရဲ့ရင်ခုန်သံဟာနင့်အတွက်မဟုတ်သလို
မင့်ရဲ့ရင်ခုန်သံဟာလည်း ငါအတွက်ရယ်လို့
မသေချာသေးပါဘူး..♥♥
ဒီလိုပဲပေါ့... မရေရာလှတဲ့အချိန်တွေမှာ ]
မင့်ပျော်ရွင်နေမဲ့အစား
နိုးထလိုက်ပါတော့..ကောင်လေးရေ
လှပတဲ့ မနက်ခင်းမှာ အချစ်တွေသယ်ပြီး
မင့်ဆီအရောက်လာလိမ့်မယ်..♥♥
မင့်ရဲ့ရင်ခွင်တံခါးကိုသာ ဖွင့်ထားပေးလိုက်ပါ...

 Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ

No comments:

Post a Comment