ပြာလွင်တဲ့မိုးကောင်းကင်ကြီးရယ်
အထီးကျန်ဆန်တဲ့ လူ့လောကကြီးကို
မြင်လှည့်ပါလေတော့လား...
နင့်ရဲ့ စေလိုရာနေရာမှာပဲ
ငါတို့နေထိုင်ခဲ့ရတယ်
နင်ဟာ..သဘာဝကို အကြောင်းပြပြီး
* နွေ * မိုး * ဆောင်း * ရာသီအလီလီကို
ပြောင်းလဲခဲ့တယ်...
လူတွေရဲ့ ဆန္ဒတိုင်းကို နင်မမေးခဲ့ဘူး
အသိအမှတ်တောင်မပြုခဲ့ဘူး
တစ်ဖက်သတ်ဆန်စွာနဲ့ နင့်စိတ်တိုင်းကျ
ဆောင်ရွက်ခဲံတယ်...ဒါပေမဲ့
အပြစ်မတင်ရက်ခဲ့ပါဘူး......♥♥♥♥♥
No comments:
Post a Comment