Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ ရဲ့ Blogspot လေးကို လမ်းကြုံလို့ပဲဖြစ်ဖြစ် တကူးတက လာရောက်လည်ပတ်ပေးတာပဲဖြစ်ဖြစ် သူငယ်ချင်းများနဲ့မိတ်ဆွေများအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်ရှင်.... နောက်များလဲ အချိန်ရရင်ရသလိုလာရောက်လည်ပတ်နိုင်ပါတယ်..း) ကျန်းမာပျော်ရွှင်သောနေ့ရက်လေးတွေကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်...

Wednesday, 28 March 2012

♥...နင့်အတွက်ဆို...♥

Oscar Chitthu | 20:46 | Best Blogger Tips
ငါ့အတွက်မဟုတ်တဲ့
အလွမ်းပြေ ကဗျာတချို့ကို ဖတ်ရင်း
ကြေကွဲပြဖို့မေ့နေခဲ့တယ်.....
ရင်ခုန်သံ ဗဟိုချက်ရဲ့
အစပြုရာ မင်းရင်ခွင်က
ငါ့အတွက်လွမ်းဖို့တောင် နေရာမရှိခဲ့ဘူးနော်.....

အချစ်ကြီးလို့ အမျက်ကြီးတဲ့
ဒါပေမယ့် ငါအမျက်ကြီးခဲ့တာ မဟုတ်ဘူး
ပြုပြင်ဖို့ကြိုးစားနေသူ
တယောက်ရဲ့လမ်းမှာ
အသက်ပါ စတေးခံဖို့ထိ

ငါ ...မ၀ံ့ရဲခဲ့တာလေ....
ဘာပဲဖြစ်ဖြစ်ပါ
ငါ...ပထမ ဆုံး ရင်ခုန်ဘူးတဲ့
မင်းတယောက်
စစ်မှန်တဲ့အပြုံးတွေနဲ့
ပျော်ရွင်နေမယ်....
ရယ်မောနေမယ်....ဆိုရင်လေ...
ငါ....နပ်စွာနဲ့ ...လက်ခုပ်တီးပေးနေမှာပါ....

No comments:

Post a Comment