သူငယ်ချင်း..
သံယောဇဉ် ချည်ငင်ရစ်တိုးလို့
မင်း..ဆိုးနွဲ့ခဲ့ သမျှလည်း
ငါလိုက်လျောခဲ့တယ်....
သူငယ်ချင်း...
နှောင်ဖွဲ့ကြိုးတစ်စ ကြောင့်
အရောင်ပြောင်းဖို့ကြိုးစားမှု လည်း
အရာမရောက်ခဲ့ပါဘူး...
သူငယ်ချင်း...
ငါ့ရင်မှာ တိတ်တခိုးနဲ့
ကြိတ်ပုန်းလို့ စွဲလမ်းနေမိတာ
မင်း နဲ့ ငါ့ ကြား စည်းတခု မခြားခင်ထဲကလေ....
သူငယ်ချင်း....
ဖွင့်ပြောဖို့ကြိုးစားတိုင်း
မ၀ံ့ရဲခဲ့တဲ့ စကားလုံးတွေကို
ဒီကဗျာလေးနဲ့ပဲ သက်သေတည်လိုက်ပါတယ်..
သူငယ်ချင်း..သိနိုင်ပါစေ....
No comments:
Post a Comment