ကြင်နာမယ်ထင်လို့
ရင်ခွင်ဖွင့်လိုက်တာပါ
နာကျင်စရာတွေယူလာမယ်မှန်း
တစ်ကယ်တမ်းမထင်ခဲ့ပါဘူး ….
မွကြေပေါက်ပြဲနေတဲ့
ငါ့ရဲ့အသည်းတစ်နေရာမှာ
နင်လိုတာရှိသေးလို့လား
ငါ မစဉ်းစားမိခဲ့ဘူး ….
တံခါးကိုဖွင့်
အဆင်သင့်ပြင်ပြီးနောက်
နင်ရောက်လာတဲ့နေရာမှာ
လိုတာရှိပါစေတော့ရယ်လို့
အထိနာတဲ့သံယောဇဉ်ကို
မှတ်တမ်းတင်နေတုန်းပါပဲ ….
ထွက်သွားတော့မလား
နင့်အနားကသံယောဇဉ်
ထားခဲ့စေချင်တယ်
နင် တစ်လွယ်တပိုက်ဖြစ်နေမှာစိုးလို့ ….
တန်သလောက်အကြင်နာနဲ့
ပြန်ဆောက်မရတဲ့နှလုံးအိမ်မှာ
ကျိမ်စာတွေပြည့်နှက်
ခရီးဆက်ဖို့အရေး
တွေးဖို့တောင် မသင့်တော့ဘူး ….
ထားပါတော့လေ
သေဆုံးနေတဲ့နှလုံးသားမှာ
ဒဏ်ရာသစ်တွေအတွက်
ရေးခြစ်ဖို့ခွန်အားတွေ
လွန်သွားတဲ့ အတိတ်တစ်နေရာမှာ
ပြာပုံသာသာဖြစ်ခဲ့ပြီပေါ့ ….
♥...Syssli...♥
ရင်ခွင်ဖွင့်လိုက်တာပါ
နာကျင်စရာတွေယူလာမယ်မှန်း
တစ်ကယ်တမ်းမထင်ခဲ့ပါဘူး ….
မွကြေပေါက်ပြဲနေတဲ့
ငါ့ရဲ့အသည်းတစ်နေရာမှာ
နင်လိုတာရှိသေးလို့လား
ငါ မစဉ်းစားမိခဲ့ဘူး ….
တံခါးကိုဖွင့်
အဆင်သင့်ပြင်ပြီးနောက်
နင်ရောက်လာတဲ့နေရာမှာ
လိုတာရှိပါစေတော့ရယ်လို့
အထိနာတဲ့သံယောဇဉ်ကို
မှတ်တမ်းတင်နေတုန်းပါပဲ ….
ထွက်သွားတော့မလား
နင့်အနားကသံယောဇဉ်
ထားခဲ့စေချင်တယ်
နင် တစ်လွယ်တပိုက်ဖြစ်နေမှာစိုးလို့ ….
တန်သလောက်အကြင်နာနဲ့
ပြန်ဆောက်မရတဲ့နှလုံးအိမ်မှာ
ကျိမ်စာတွေပြည့်နှက်
ခရီးဆက်ဖို့အရေး
တွေးဖို့တောင် မသင့်တော့ဘူး ….
ထားပါတော့လေ
သေဆုံးနေတဲ့နှလုံးသားမှာ
ဒဏ်ရာသစ်တွေအတွက်
ရေးခြစ်ဖို့ခွန်အားတွေ
လွန်သွားတဲ့ အတိတ်တစ်နေရာမှာ
ပြာပုံသာသာဖြစ်ခဲ့ပြီပေါ့ ….
♥...Syssli...♥
No comments:
Post a Comment