အဆင်ပြေပါတယ်
နင်နေပျော်ရင်ပြီးတာပဲ ….
ရပါတယ်လေ
အပြစ်ရှိနေသူအတွက်
ဒီဘ၀မှာ ပေးဆက်ရမှာပဲ
ဘေးထွက်မယ့်အထဲ မပါပါဘူး ….
ပြင်မရတဲ့အမဲစက်
အားနည်းချက်တစ်ခုလို
အပြစ်ဆိုတတ်သူတွေကြားမှာ
နင်လည်း ပါသွားမှာပါ ….
ငါလိုချင်တာ နားလည်မှု
အရောင်းအ၀ယ်တစ်ခုလို
အချစ်ကိုအရောင်ဆိုး
နှောင်ကြိုးတွေပေးနေတာမဟုတ်ဘူး ….
နင်သိမှာပါ
ဟိုတစ်ခါကအချစ်တုအတွက်
အိမ်မက်ထဲမှာခံစားရင်း
မှားယွင်းနေတယ်ဆိုရင်လည်း
ပုံပြင်ထဲမှာရှိပါစေတော့ ….
♥...Syssli...♥
No comments:
Post a Comment