ဆီးလမ်းကြောင်းမှာ ၀င်တဲ့ပိုးမွားတွေဟာ လူသားတွေရဲ့မစင်ကနေတဆင့် ရောက်လာကြတယ်လေ။ရောဂါပိုးအများစုကတော့
၇၅%
ဟာ E-Coli ဖြစ်ပါတယ်။အခြားသောရောဂါ
မျိုးစုံကြောင့်လဲဖြစ်တက်ပါတယ်။မစင်မှာပါတဲ့ပိုးတွေဟာ တင်ပါးတစ်ဝိုက်
မသန့်ရှင်းရာကနေပြီး ဆီးလမ်းကြောင်းထဲကိုရောက်သွားတယ်။
အမျိုးသမီးတွေရဲ့ ဆီးလမ်းဝဟာ စအိုနဲ့နီးလွန်းနေတဲ့အတွက်
ရောဂါပိုးဝင်ရောက်မှု့
ပိုများပါတယ်/ပီးတော့ အိမ်ထောင်သည်တွေ၊ဖိုမ
ဆက်ဆံမှု့
ပြုတဲ့သူတွေမှာလဲ ဆီးလမ်းကြောင်းပိုးဝင်ဖို့ရာ
အကြောင်းတွေရှိပါတယ်။ဆီးသွားနဲပြီး တစ်နေရာရာက ပိတ်ဆို့နေသလိုလို
ဖြစ်နေရင်တော့ ရောဂါပိုးတွေပွားများရန်
ပိုမိုအခွင့်အရေးရှိပါတယ်။ကျောက်ကပ်ကို ထိခိုက်ဒဏ်ရာရတဲ့အခါ၊ရောဂါတစ်ခုခု
ဖြစ်ပွားတဲ့အခါ ကျောက်ကပ်မှဆီးလမ်းကြောင်းကို
ရောဂါပိုးတွေရောက်သွားတက်ပါတယ်။
ဆီးလမ်းကြောင်းတစ်လျှောက်ရောင်ရမ်းတက်ပါတယ်။
အိမ်ထောင်သည် အမျိုးသမီးတွေမှာ ဒီရောဂါဖြစ်ပွားမှု့
အမြင့်ဆုံးပါပဲ။ကိုဝန်ဆောင်စကာလတွေမှာလည်း အမျိုးသမီး(၂
%-၆%)လောက်ဟာဒီရောဂါကိုဖြစ်ပွားပါတယ်။
ယောက်ျားတွေမှာဆိုရင် အသက်ကြီးတဲ့အခါ prostate glands ရောင်ရမ်းမှု့၊ဆီးလမ်းကြောင်းကျောက်တည်မှု့ စတာတွေ
ဖြစ်တဲ့အခါ ဒီရောဂါကိုရတက်ပါတယ်။ဆီးချို၊သွေးချိုရောဂါသည်တွေမှာလဲ တွေ့ရတက်ပါတယ်။ဒီရောဂါခံစားရပြီဆိုလျှင်တော့...........
(၁) တစ်ခါတစ်ရံ ချမ်းပြီးဖျားမယ်၊ခေါင်းကိုက်မယ်
(၂) ဆီးသွားတဲ့အခါ ပူစပ်ပြီးနာကျင်နေမယ်။ဆီးအရောင်ဟာလဲ နီနေခဲ့မယ်ဆိုရင်တော့ သွေးပါကောင်းပါနှိုင်ပါတယ်။
(၃) ကျောအလည် နံရိုးအောက်ဘက်ရှိ နံဘေးနှစ်ဖက်စလုံး နာကျင်ပြီး မျက်နှာနဲ့ခြေထောက်တွေဖောရောင်လာမယ်ဆိုရင်တော့
ကျောက်ကပ်ကိုထိနေတယ်လို့ယူဆရပါတယ်။
အမျိုးသမီးတွေသာမက အမျိုးသားတွေမှာလည်း ဆီးအောင့်ပြီး
ဆီးမကြာခဏသွားခြင်း၊ ဆီးတွင်သွေးပါပြီး ၀မ်းဗိုက်အောက်ပိုင်းမှာ
နာကျင်နေတက်ပါတယ်၊ကျောအလည်(သို့) နံရိုးအောက် နံဘေးနှစ်ဖက်မှာနာကျင်ပြီး
အဖျားတက်ခြင်း စတဲ့
စိုးရိမ်းစရာ
အခြေအနေတွေကိုပြတက်ပါတယ်။ ဒီလိုဝေဒနာတွေခံစားလာရပါက နားလည်တတ်ကျွမ်းတဲ့
ဆရာဝန်၊သမားတော်တွေ နဲ့ပြသပြီး ဆေးကုသမှု့ ခံယူသင့်ပါတယ်။
ဆီးသွားတဲ့အခါပူစပ်ပြီး နာကျင်နေတာလောက်ဆိုရင်တော့ အရည်များများသောက်ခြင်း၊ ဆေးဝါးအနေနှင့်
tab; Norfloxacin-200mg ကိုတစ်နေ့ ၃ ကြိမ် ဖြင့် တစ်ပတ်ခန့် သောက်ပေးခြင်းဖြင့် ကာကွယ်နှိုင်ပါတယ်။ဆေးသောက်လို့
မသက်သာပါကဆေးရုံဆေးခန်းများတွင်ပြသပါ။တစ်ကိုယ်ရေ
သန့်ရှင်းမှု့ကို ဂရုစိုက်ပါ။အိမ်ထောင်သည်များအနေနှင့်
မိမိအိမ်ထောင်ဖက်နှင့်အတူနေသောအခါများမှာလည်း သန့်ရှင်းမှု့ရှိရန်
ဂရုစိုက်ဖို့လိုပါတယ်။အပျော်အပါးလိုက်စားခြင်းကြောင့်လည်း
မလိုလားအပ်တဲ့ရောဂါတွေအပြင် ဒီရောဂါလည်းရနှိုင်တာမို့ သူငယ်ချင်းများသိအောင် စေတနာနဲ့ တင်ပြလိုက်ပါတယ်နော်။
No comments:
Post a Comment