Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ ရဲ့ Blogspot လေးကို လမ်းကြုံလို့ပဲဖြစ်ဖြစ် တကူးတက လာရောက်လည်ပတ်ပေးတာပဲဖြစ်ဖြစ် သူငယ်ချင်းများနဲ့မိတ်ဆွေများအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်ရှင်.... နောက်များလဲ အချိန်ရရင်ရသလိုလာရောက်လည်ပတ်နိုင်ပါတယ်..း) ကျန်းမာပျော်ရွှင်သောနေ့ရက်လေးတွေကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်...

Saturday, 7 April 2012

♥...နှင်းမျှော်သောဆောင်း...♥

Oscar Chitthu | 01:40 | Best Blogger Tips
ခယမူတွေနဲ့ခင်းတဲ့
ကျွန်တော့အချစ်သီချင်းတစ်ပုဒ်က
ခြေဆင်းမှာစပြီးလွမ်းနေသလိုဘဲ

အစော်ကားခံရတဲ့
ရင်တွင်းတေးကဗျာအတွက်
ညနေညိုကမပွင့်တပွင့်ပြုံးပြတယ်


ရင်းနှီးခဲ့ဖူးတဲ့လရောင်က
ဖော်မစုံသူညည်းတဲ့တမ်းချင်းမှာ
အလွမ်းတွေချည်းဘဲတဲ့...

အသိမှတ်မပြုခံရတဲ့
ရင်တွင်းကလွမ်းချင်းက
စိတ်ပျက်ညည်းညူဖွယ်ရာ
တိုးတိုးလေးတမ်းတတယ်

ငါနင့်ကိုချစ်လိုက်တာတဲ့

အမှတ်မရှိဘူးလားလို့မေးတဲ့
ရင်တွင်းကအတိတ်က
အဲ့ဒီမေးခွန်းတွေ
ချဉ်ခြင်းတက်ပြီးဘယ်တော့မှအလိုလိုက်မခံရတဲ့
အဲ့ဒီရင်ဘတ်ကချစ်ခြင်းတွေ

တခါတခါတော့ဟိုးဝေးဝေးကိုထွက်ပြေးချင်ပါရဲ့

ဒဏ်ရာဆိုတာသေရာပါတတ်လို့
ခဲမှန်ဖူးတဲ့စာသူငယ်က
လေးညို့သံကိုနားမဆင်ရဲသလို
ငါမင်းနဲ့ဝေးမှာကြောက်တတ်ခဲ့တာပါ

မဝေးပေမဲ့မနီးတဲ့
ငါ့ရဲ့ချစ်ခြင်းအလင်္ကာ
ငြိတွယ်သောအဆုံးမဲ့သံယောဇဉ်
ပြိုလဲသောမျှော်လင့်ချက်ရဲ့ရောင်နီ
ငါသည်....................................
.................................................
အမြဲမစိမ်းသောသစ်အိုတို့ရဲ
ရှင်ဘုရင်သာဖြစ်ခဲ့လေသလား....

နှင်းကိုမျှော်သောဆောင်းသည်
ငါသည်ပင်ဖြစ်လင့်တကား......

နှင်းမြူရေ....
မင်းဝေဆာဖို့ငါ့ဆောင်းကို
လန်းစွင့်အောင်ငါဖြန့်ကျက်ထားတယ်
ရာသီခွင်တစ်ပတ်လည်ရင်
ထာဝရငါသိမ်းထားချင်လို့
မင်းတခါပြန်လှည့်ကြည့်စေချင်တယ်.....

နှင်းရေ....
ချစ်သောနှင်းရေ...

မျက်နှာမွဲတဲ့ငါ့ဆောင်းကပြောတဲ့စကား
တဆင့်နားနဲ့မင်းကြားခဲ့ရင်
သို့တည်းမဟုတ်
ဟင်းလင်းလွင့်ဆောင်းကိုစာနာတတ်ခဲ့ရင်
သို့တည်းမဟုတ်
အမူမဲ့မင်းလည်ပြန်ကြည့်မိခဲ့ရင်

ချစ်သောနှင်းရေ
မျှော်လင့်လက်တို့ဖြန့်ကျက်သော
ထိုဆောင်းရဲ့လောကအလှကို
မင်းချစ်ခြင်းနဲ့ဆင်ယဉ်နိုင်စေသားကွယ်.........

သားငယ်လေး

No comments:

Post a Comment