နွေဦးရဲ့ရာသီကြို
ညနေအိုထဲကဦးတည်ရာမဲ့ခြေလှမ်း
အလွမ်းကျိန်စာသင့်တဲ့
နှလုံးသားတခုကိုထမ်း
ဆွံ့အမူတွေနဲ့တမ်းတ
ခေါင်းငိုက်စိုက်ချပြန်လာတဲ့လမ်းမှာ
ရိုးစင်းတဲ့ခြေရာတွေထပ်ခဲ့တယ်
တရိုက်မတ်မတ်ခံစားတတ်ခဲ့တော့
နာကျင်တယ်ဆိုတာဟာလေ
မဆန်းတော့တဲ့သစ်လွင်မူတွေနဲ့
ထပ်တလဲလဲရိုက်ခတ်တယ်...
အပြစ်မတင်ရက်ခဲ့တာပါ...
အပြစ်မမြင်တတ်ခဲ့တာပါ...
ကြိုးစားတိုင်းလဲအရာမထင်တတ်မှတော့
လွှင့်ပစ်ချထားလိုက်ပါလေ
သံယောဇဉ်ဆိုတာက
ကမ်းမမြင်တဲ့လိုင်း
ဘယ်တော့မှမယိုင်တဲ့သစ်ပင်
ရင်တွင်းမှာငြိတဲ့
ကြိုးတစ်ပင်ပါ....
မမျှော်လင့်တတ်ခဲ့တာကြာခဲ့ပြီ
လူတိုင်းကိုမမျှော်လင့်ဖို့သင်ပေးတတ်ခဲ့တဲ့ငါ
ဒီအကြင်နာတစ်ကွေ့မှာ
ဘာလို့များပြင်းပြင်းရှရှမျှော်လင့်တောင်းတမိပါလိမ့်
ငါ့ကိုယ်ငါပြန်မေး
ငါ့ကိုယ်ငါအဖြေရှာရင်း
မင်းအပြုံးတစ်ပွင့်မှာ
ငါ.....လေ...
ယိမ်းထိုးယိုင်လဲသွားခဲ့တာပါ
နတ်ပန်းချီရူံးတဲ့
မင်းအလှမျက်နှာစာမှာ
ငါ.....အရိုးသားဆုံးပျော်ဝင်ခဲ့တာပါ
ငါအနမ်းတစ်ပွင့်ခြွေခဲ့တယ်.....တိတ်တိတ်လေး
လူမသိအောင်လွမ်းတတ်ခဲ့တာတော့
ငါ့ကိုယ်ပိုင်ယဉ်ကျေးမူတခုပေါ့
အရူံးနဲ့အနိုင်ဆိုတာ
ငါဘယ်တော့မှမပြိုင်ခဲ့ဘူး
ရင်ရိပ်တမ်းချင်းတိုးတိုးလေး
ငါဆိုညည်းခဲ့တယ်
ဆောင်းရင့်အိုရဲ့အေးခဲမူတွေထက်သာတဲ့
ငါ့အချစ်ဆောင်းကို
ငါကိုယ်တိုင်ပြန်အေးခဲထားတယ်
ဆွံအမူတွေနဲ့လေ......
မုတ်သုန်ရဲ့တမ်းချင်းကို
ငါကြက်ခြေခတ်လိုက်တယ်
ငါ့ရဲ့နှင်းတို့စိုစွတ်မူအတွက်ပါ
ကျေးဇူးပြုပြီးဝင်မရိုက်ခတ်ပါနဲ့
အားနာလို့လိုက်လျောတာထက်
ပြတ်ပြတ်သားသားစွန့်ပစ်ခဲ့ပါလေ
ငါကိုယ်တိုင်ကသိပ်အားနာတတ်လွန်းလို့
လူတကာရဲ့လူတွေကြား
အရောင်မှိန်ဆွံ့အခဲ့တဲ့
ငါ့ရဲ့ကောင်းကင်ငယ်ကို
တိမ်ဆိုးတို့နဲ့ငါခြံရံထားတယ်
တိတ်ဆိတ်စွာထားရစ်ခဲ့ကြပေါ့
ငါ.......................
တွေဝေမိန်းမောကျန်ရစ်ခဲ့တာလေ
ဘယ်သူမှမသိလိုက်ခဲ့ဘူး.......
သားငယ်လေး
No comments:
Post a Comment