ငါ့စိတ်နဲ့ငါ့ကမ္ဘာ
အမှောင်ချခံထားရတဲ့နေ့နဲ့ည
ကြယ်တစ်စင်းကငါ့ရဲ့နေမင်း
ဘယ်တော့မှမလင်းချင်းတဲ့ငါ့ကောင်းကင်ကို
ရောင်ခြည်ဖြာနွေးထွေးလှည့်စင်းပါ
ကြယ်လေးရေ...
ငါဆိုတဲ့ငါကလေ
ဂစ်တာတစ်လက်နဲ့ခရီးလှည့်သူ
မညီမျှမူတွေကြားကညည်းဆိုသူ
လောကရဲ့သံစဉ်တွေကြားနစ်မွန်းခဲ့ရပေါ့လေ
ကြယ်လေးရေ...
လူတကိုယ်စာအတ္တတွေနဲ့
မောဟမိုက်လူတွေကြားက
ခပ်တုံးတုံးအပြုံးတုတွေလဲ
မမြင်ချင်အဆုံးရှောင်ပုန်းထွက်ခဲ့ပါပြီ...
ကြယ်လေးရေ...
ဘဝဆိုတဲ့စိန်ခေါ်ပွဲမှာ
အရိုးသားဆုံးရင်းနှီးခဲ့တော့
ငါ့ကာရန်တွေအားလုံးလေ
လောကဝတ်တွေကြားထဲချစားခံခဲ့ရတယ်..
.................................................
ၰ
ဒဏ္ဏာရီတစ်ပုဒ်ရဲ့မျက်နှာစာ
လင်းချင်းအေးမြဖူးတဲ့ကောင်းကင်
သံစဉ်ချိုမြဖူးတဲ့ကမ်းခြေ
အမှတ်တရဖြစ်သွားတဲ့အမှတ်တမဲ့တွေ
ငါ့ရာဇဝင်မှာလေ
ရွှန်းလဲ့တောက်ပခဲ့ကြတယ်
ငါ........
အလွမ်းညစ်ရဲ့သင်ခန်းစာတွေကြား
မှေးမိန်ပျောက်ကွယ်ခဲ့ရတယ်
အလိုလိုက်ခြင်းကင်းတဲ့
ချဉ်ခြင်းတက်အိမ်မက်တွေ
ဆွံ့အပေးခဲ့ရတဲ့
ရင်တွင်းကအလင်္ကာတွေ
ကြယ်လေးရေ...
မင်းမြင်နိုင်ရင်ငါလှစ်ဟချင်ပါသေးတယ်....
ကျောင်းသားဘဝကနေညိုချိန်
အသိုက်အမြုံထဲကလုံခြုံတဲ့ဘဝ
ဖေးမမူတွေကြားကမိသားစု
ဆန္ဒတစ်စုံရဲ့အားပေးဖော်
အော်.....ဘဝဆိုတာလေ
(ငါမျှော်နေတတ်ခဲ့တာပါ...)
အတိတ်မဆိုနိုင်တဲ့အတိတ်က
ခပ်ပြင်းပြင်းခံစားခဲ့ရတဲ့...တစ်ည
ဘယ်တော့မှမမှောင်တဲ့ကျွန်းပေါ်မှာ
ငါတစ်ယောက်တည်းအလင်းမဲ့ခဲ့တာလေ
ဘယ်သူမှမသိလိုက်ခဲ့ဘူး....
ကြယ်လေးရေ...
အမူမဲ့အမှတ်မဲ့မင်းမြင်ခဲ့ရင်လေ...
ငါ့ကောင်းကင်ညဉ့်ကို
မင်းအလင်းနဲ့ဝေဆာဖြန့်ကျက်လိုက်စမ်းပါ...
သားငယ်လေး
No comments:
Post a Comment