သူ့ပင်ခြေမှာ ….
ဝတ်ဆံလည်းကြွေ ပွင့်ဖတ်မြေခ
ကြေမွရိုးတံ
မကျန်ရနံ့
ညစ်ထပ်အဆင်း မြေကျဆင်းလည်း
သူ့သတင်းလေးတည်ပါစေ
….
မချွေရက်ရက် တောင်းဆုဆင့်ခေါ်
သူ့အပေါ်မှာ
တည်ပါသစ္စာ
နှင်းမှုန်လွှာအလား ခစားသက်ရောက်
မခြောက်နွမ်းအောင်
စွမ်းဆောင်ပေးနေချင်သူပါ …
ကောက်သိမ်းယူငင် ထွေးပွေ့ချင်လည်း
မချင့်ရဲကံ
မတန်မှာစိုး
မြေခိုးထွေးပွေ့ နွမ်းယော်ခွေ့ထိ
မှန်းမျှော်အခက် မကောက်ရက်နိုင်
….
စစ္စလီ
No comments:
Post a Comment