နွေနေပူမှာခြေအချ
တံလျပ်ကခင်းထားတဲ့လမ်း
ဘယ်လောက်ကြမ်းသလဲ
ဆာလောင်တဲ့ရေတခွက်
ဘယ်သူမှမကမ်းလဲ
လောကဆိုတာကိုယ့်အားကိုယ်ကိုးရာပါ
ဒဏ်ရာဆိုတာကလဲ
ထွက်သက်ဝင်သက်ကိုမချုပ်နိုင်သရွေ့
အချိန်တန်အကင်းသေစမြဲ
ဘာကိုပုံကြီးချဲ့နေမလဲ
နင်လားဟဲ့လောကဒဏ်ပေါ့
တုံးတိုက်မလားကျားကိုက်မလား.
လက်တွဲဖော်ဆိုတာက
အရိပ်မျှပေးနိုင်မှ...ပြီးတော့
ဆူးကင်းအောင်ရှင်းပေးနိုင်မှ
လမ်းထက်မှာပန်းခက်ဝေပေးနိုင်မှ
ခံယူချက်ပေါ့လေ................
ပါရမီဖြည့်နိုင်သူရှိပါ့မလား....
မတူညီတဲ့ခံယူချက်တွေထဲက
လေပြေညှင်းအေးသွေးစေဖို့ဆိုတာ
သူ့ဘဝကိုယ့်ဘဝထပ်တူကျမှဖြစ်လိမ့်မယ်
လူတခုဖြစ်လာမှတော့
အပူမူပွေတာမဆန်းသလို
စုန်ဆန်ဖြတ်ကြတဲ့သံသရာမှာ
အဖန်တရာဘယ်လိုတေတေပေါ့
သီအိုရီတွေပြောင်းပြန်လှန်လို့
သံယောဇဉ်လဲချနင်းခဲ့ကြတာဘဲ..
ရည်ရွယ်တာတခုထဲပါ
အဲ့ဒီပြယုဂ်တွေထဲကဘဝဆိုတာတွေအတွက်
ငါတို့ရှင်သန်ခြင်းကိုကမငြိမ်းချမ်းတော့
ဖြူစင်ခြင်းကမျက်လုံးစုံမှိတ်အိပ်စက်နေလိုက်တာများ.....
သားငယ်လေး

No comments:
Post a Comment