Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ ရဲ့ Blogspot လေးကို လမ်းကြုံလို့ပဲဖြစ်ဖြစ် တကူးတက လာရောက်လည်ပတ်ပေးတာပဲဖြစ်ဖြစ် သူငယ်ချင်းများနဲ့မိတ်ဆွေများအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်ရှင်.... နောက်များလဲ အချိန်ရရင်ရသလိုလာရောက်လည်ပတ်နိုင်ပါတယ်..း) ကျန်းမာပျော်ရွှင်သောနေ့ရက်လေးတွေကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်...

Friday, 6 April 2012

♥...စွဲလန်းခြင်း...♥

Oscar Chitthu | 19:24 | Best Blogger Tips
ရင်ထဲမှာတလှိုက်လှိုက်နဲ့
အခုထိတိုင်ငါမောလျနေတုန်း
ခေါင်းထဲရောက်ရောက်လာတဲ့
မင်းခေါင်းစဉ်အတွေးတွေ
ငါ့လမ်းတွေအမြဲသွေဖယ်သွားတယ်
အမှတ်တရရဲ့ကမ်းခြေရောက်တိုင်း
ငါ့စိတ်တွေရိုင်းရိုင်းသွားတာလေ
မင်းနဲ့ငါ့အကြောင်းမသိတဲ့
ငါ့အပေါင်းအသင်းအဟောင်းတွေကြားမှာ
ချပြစရာမျက်နှာမရှိလောက်အောင်ဘဲ


တမ်းတမ်းတတသတိရလာရင်
ဟိုမှာလဲမင်း......
ဒီမှာလဲမင်း..........
ငါ့အာရုံတွေမင်းဆိုတာချည်းဘဲ
စိတ်စွဲတိုင်းလွဲတတ်တဲ့ငါ
အဲ့ဒီအမှားတွေကြားမှာသံသရာလည်နေတုန်း
ငါ့ကမ္ဘာလဲအခုထိဝရုန်းသုန်းကားနဲ့
လေလို့လွင့်လိုကောင်းနေတုန်းဘဲ

မရည်ရွယ်ဘဲမြဲသွားတဲ့
မင်းကိုချစ်တဲ့ငါ့အဲ့ဒီစိတ်ကို
ဘယ်လိုနောင်တမျိုးနဲ့ငါသတ်ရမလဲ
အဖြေရှာရင်းငါမှားနေတုန်းဘဲ
ငါ့ကိုငါဘဲမုန်းပစ်လိုက်ခဲ့တယ်......

ငါတို့ဆုံတွေ့ခဲ့ခြင်းကအပြစ်လား
ငါချစ်မိခြင်းကအပြစ်လား

တခါတခါရင်နာရုံနဲ့
ငါမင်းကိုမေ့လို့မရတော့
ထွက်ပေါက်ပေးတိုင်းလဲမအေးဘူး
မဝေးသေးတဲ့အတိတ်တွေမှာ
တနင့်နင့်နဲ့ငါနစ်နေတုန်းပါလေ.....

သားငယ်လေး

No comments:

Post a Comment