Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ ရဲ့ Blogspot လေးကို လမ်းကြုံလို့ပဲဖြစ်ဖြစ် တကူးတက လာရောက်လည်ပတ်ပေးတာပဲဖြစ်ဖြစ် သူငယ်ချင်းများနဲ့မိတ်ဆွေများအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်ရှင်.... နောက်များလဲ အချိန်ရရင်ရသလိုလာရောက်လည်ပတ်နိုင်ပါတယ်..း) ကျန်းမာပျော်ရွှင်သောနေ့ရက်လေးတွေကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်...

Friday, 6 April 2012

♥...ကာရန်အလွဲနဲ့ည...♥

Oscar Chitthu | 19:22 | Best Blogger Tips
နှင်းဆီရုံဆူးတစ်ခင်းနဲ့
လမင်းရဲ့ချစ်ခြင်းခြွေတဲ့ည
မမော့တမော့မျှော်တဲ့အလွမ်းနဲ့
ငါ့ကာရန်တွေစည်းခြင်းထိုးတဲ့ည
မာန်နတ်ရဲ့စစ်ဦးကြိုတေးသွားနဲ့
ပွင့်ဖတ်တို့တစစီကြွေတဲ့ည..
ငါ့မျက်ရည်လဲမြေခခဲ့ရတယ်............

အစိမ်းရောင်နေ့စွဲထဲက
မှင်နီရောင်ကြက်ခေခတ်ထားတဲ့ည
မာကျုရီအလင်းထဲက

အနုမြူရောင်တောက်နေတဲ့ည
အတ္တတို့နဲ့စုန်းစုန်းမြုပ်လို့
ခပ်ရိုင်းရိုင်းစုန်ဆန်ဖြတ်ခဲ့တဲ့ည
ငါ့ဘဝလဲရှင်လျက်သေခဲ့ရတယ်...........

ညဆိုးထဲကငှက်ဆိုးရဲ့မာန်ဖီသံ
သံခင်းတမန်ခင်းမရှိတဲ့မာနရဲ့စိန်ခေါ်သံ
အာသာငန်းငန်းချဉ်ခြင်းတက်နေတဲ့လောဘ
တရားမထုံးတို့ရှောင်ပုန်းနေတဲ့လောကထဲက
ခပ်ပြုံးပြုံးလူငယ်တစ်ယောက်ရဲ့တေးသွားလေ

ကာရန်အလွဲနဲ့စွဲစွဲမြဲမြဲတောက်လောင်နေတုန်း......

သားငယ်လေး

No comments:

Post a Comment