
သူငယ်ချင်းတို့ ဗဟုသုတရအောင်
ကျန်းမာရေးရာအတိုအထွာလေးတွေကို စုစည်းပေးထားပါတယ်။ အသစ်အသစ်တွေကို
သူငယ်ချင်းတို့ရှာရလွယ်အောင် ပို့စ်ရဲ့အပေါ်ဘက်ကပဲ
ထပ်ထပ်ထည့်ပေးသွားမယ်နော်။
မီးပူ ရေနွေးပူ.. အပူလောင်ရင်....

လေဖြတ်နဲ့နှလုံးရောဂါကို ကာကွယ်မယ်
လေဖြတ်နဲ့ နှလုံးရောဂါတွေကို ကာကွယ်ချင်ရင်
Vit B1, B6, B12, Folic acid ကို နေ့စဉ်စွဲသောက်ပါတဲ့.. ဒီအာဟာရတွေ
ကြွယ်ဝတဲ့အစားအစာတွေကို စားလို့လည်း ရပါတယ်.. ဘယ်အစားအစာတွေကို
စားရမယ်ဆိုတာကို သဘာဝရဲ့ အာဟာရ
ဆိုတဲ့ပို့စ်လေးကို ဖတ်ကြည့်နော်.. ဆေးခန်းက ဆရာဝန်ကြီးသင်ပေးတာကို
ပြန်မျှဝေတာပါ.. တန်ဆေး လွန်ဘေးကိုတော့ သတိရှိကြပါ သူငယ်ချင်းတို့.. :)
အရက်ရဲ့သားကောင်

ဒီနေ့ ရင်နှင်းဆေးခန်းမှာ
စိတ်မချမ်းမြေ့စရာတစ်ခု ကြုံရပါတယ်.. ရင်နှင်းကို အိမ်ကို
လိုက်ကြည့်ပေးဖို့ လာခေါ်တာပါ.. လူနာ ဆုံးသွားပြီလားမသိဘူးတဲ့..
လိုက်ကြည့်ပေးပါတဲ့.. အဲဒါနဲ့ လမ်းမှာ လူနာအကြောင်းမေးရတာပေါ့.. လူနာက
ယောက်ျားလေးပါ.. အသက် ၂၀ ပဲ ရှိပါသေးတယ်.. မနေ့ညထဲက အဆက်မပြတ်အန်တာ ခု
ဆေးရုံသွားမယ်အလုပ် ဇက်ကျိုးပြီး ငြိမ်သွားလို့တဲ့..
အရက်အရမ်းသောက်တယ်တဲ့.. တနေ့လုံး ဘာမှတောင် သိပ်မစားဘူး.. အရက်ပဲသောက်နေတာ
များတယ်တဲ့.. တခြားဘာရောဂါမှ မရှိဘူးတဲ့.. ဒီလောက်ဆိုရင် တရားခံကို
သိလိုက်ပါပြီ.. လူနာအခြေအနေကိုလည်း ခန့်မှန်းမိလိုက်ပါပြီ.. တလမ်းလုံး
လူနာဘာမှမဖြစ်ပါစေနဲ့လို့ ဆုတောင်းလိုက်ရတာ.. ရင်နှင်းဆုတောင်း
မပြည့်ခဲ့ပါဘူး.. ကောင်လေးက ဆုံးသွားပါပြီ.. ငယ်ငယ်လေးနဲ့ ဆုံးသွားတာ
တကယ်စိတ်မကောင်းဘူး.. ဒါပေမယ့် ဒေါသလည်း ထွက်မိတယ်.. အရက်ကြောင့်
သေတဲ့သူတွေကို တွေ့တာ ကြားတာများပြီလေ.. အရက်သောက်လွန်းပြီး အသည်းရောင်
အသည်းခြောက်ပြီး သေသွားတဲ့သူ.. အရက်သောက်လွန်းပြီး နှလုံးကြီးပြီး
ညှစ်အားကျပြီး ရှော့ခ်ဝင်သေတဲ့သူ.. မစားမသောက်ပဲ အရက်ပဲသောက်နေလို့
ကိုယ်ခံအားကျ တီဘီဖြစ် ရောဂါဒဏ် ဆေးဒဏ်ကို မခံနိုင်လို့ သေသွားတဲ့သူ..
အရက်မူးပြီး ကားမောင်းလို့ ကားမှောက်သေတဲ့သူ.. အရက်မူးပြီး ကားကို မကြည့်ဘဲ
လမ်းဖြတ်ကူးလို့ ကားတိုက်သေတဲ့သူ.. မူးပြီး ရန်ဖြစ် အချင်းချင်း
ဓားနဲ့ခုတ်ပြီး သေတဲ့သူ.. ဒီလို အရက်ကိုမှ မကောင်းမှန်းသိရက်နဲ့ ဘာလို့
အသားကုန်သောက်နေကြမှန်း နားကိုမလည်ဘူး.. ခု ဒီကောင်လေးဆိုရင်လည်း
အစားမစားပဲ အရက်သောက်လွန်းတော့ အစာအိမ်ရောင်ပြီး အရမ်းအန်ရာကနေ
ရှော့ခ်ဝင်ပြီး သေသွားတာလေ.. ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်လည်း မကောင်းဘူး..
မိသားစုကလည်း စိတ်ဆင်းရဲရတယ်.. လူငယ်တစ်ယောက်မှာ ရှိသင့်တဲ့ စိတ်ကူး
အိပ်မက် အနာဂတ်တွေ အရက်ထဲမှာ မျှောပြီး လုံးပါးပါးသေရတာ.. မိသားစုအတွက်ရော
တိုင်းပြည်အတွက်ရော တအားလျော့သွားပြီ.. ရင်နှင်းကို မေးကြတယ်.. အရက်ရဲ့
ကောင်းကျိုး ဆိုးကျိုးတွေကို ရေးပေးပါအုံးတဲ့.. အရက်မှာ
ကောင်းကျိုးရှိပါတယ်.. တော်တန်ရုံသောက်ရင် သွေးလည်ပတ်မှုကောင်းပြီး
နှလုံးသွေးကြောကျဉ်းရောဂါကိုတောင် ကာကွယ်ပေးသေးတယ်.. ဒါပေမယ့် တန်ဆေး
လွန်ဘေးလေ.. ခုခေတ်က မကောင်းတဲ့အရက်တွေ ပေါပါဘိနဲ့.. Quality မကောင်းတာကို
ပြောတာပါ.. ရာဘာဖိနပ်စုတ်ကိုတောင်ထည့်ပြီး အရက်ချက်ကြတယ်ဆိုလား..
အဲဒါတွေကိုမှ အရူးအမူးစွဲလန်းနေမှတော့ ဘယ်သူမပြု မိမိမှုပါပဲ.. ဥစ္စာကို
ကံစောင့်၊ အသက်ကို ဥာဏ်စောင့်တာမို့ ယမကာလုလင်တွေ ဆင်ခြင်နိုင်ပါစေ..
No comments:
Post a Comment