Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ ရဲ့ Blogspot လေးကို လမ်းကြုံလို့ပဲဖြစ်ဖြစ် တကူးတက လာရောက်လည်ပတ်ပေးတာပဲဖြစ်ဖြစ် သူငယ်ချင်းများနဲ့မိတ်ဆွေများအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်ရှင်.... နောက်များလဲ အချိန်ရရင်ရသလိုလာရောက်လည်ပတ်နိုင်ပါတယ်..း) ကျန်းမာပျော်ရွှင်သောနေ့ရက်လေးတွေကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်...

Monday, 23 April 2012

♥...ငါ...♥

❤ OSC@R ❤ | 02:45 | Best Blogger Tips
နေရာတိုင်းမှာ
ငါက ငါ့ကိုခိုင်းနေလို့
ငါ့ကြောင့် ငါဒုက္ခရောက်ပေါင်းများပြီ
ငါ့ကိုယ်ငါ သနားရမှန်း မသိသေးဘူး ....

ငါ့ကိုငါစေတနာထားပြီး
ငါ့အစား ငါပဲလုပ်ခဲ့မိတဲ့အတွက်
ငါ့ဝန်တွေ ငါ့အပေါ်ပိလို့
ငါ့ကြောင့် ငါပင်ပန်းခဲ့ပေါ့ ....

ငါလုပ်ခဲ့တဲ့ ငါ့ရှေ့ရေးဟာ
ငါ့အတွက် ငါဖြစ်ချင်ပေမယ့်
ငါမသိတဲ့ ငါ့အကြောင်းတွေကို
ငါ့ခေါင်းထဲမှာ ငါရှာမရသေးဘူး ....
ငါ့ကိုငါ ဘာပေးခဲ့သလဲ
ငါ့အတွေးထဲ ငါလည်နေရင်း
ငါတင်းထားတဲ့ ငါ့စိတ်တွေ
ငါ့အဖြေ ငါမရနိုင်ခဲ့ ....

ငါ့ကိုငါပြင်နိုင်ဖို့အတွက်
ငါက ငါ့ဆီမရှိတာ ခက်တယ်
ငါ့အတွက် ငါပြန်လာတဲ့နေ့မှာ
ငါ့ကိုငါ နားလည်စေချင်တယ် ....

စစ္စလီ

No comments:

Post a Comment