ခေါ်နေပါတယ်
ဘယ်အရပ်ဆီမသိတဲ့
အဆုံးမဲ့လွင်ပြင်လိုဖြတ်လို့
အထပ်ထပ်ပဲ့တင် ….
မျှော်နေပါတယ်
ဘယ်ကမှမလာနိုင်တဲ့
အကြင်နာရဲ့အရိပ်အယောင်
ဟန်ဆောင်အပြုံးတွေကြားမှာ ….
ငါပစ်လွှတ်တဲ့မျှား
ငါ့အားပြန်မထိမှန်းသိလျက်
မျှော်လင့်မိတဲ့တုန့်ပြန်ခြင်း
ဟုတ်မှန်လေမလားပေါ့ ….
ငါသုံးခဲ့တဲ့အဟုန်ထဲမှာ
ပါသွားတဲ့ငါ့ဝိဥာဉ်
ခရီးစဉ်ဘယ်မှာရပ်လို့
ပြန်လာဖို့မေ့လေသလဲကွယ် ….
စစ္စလီ
No comments:
Post a Comment