Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ ရဲ့ Blogspot လေးကို လမ်းကြုံလို့ပဲဖြစ်ဖြစ် တကူးတက လာရောက်လည်ပတ်ပေးတာပဲဖြစ်ဖြစ် သူငယ်ချင်းများနဲ့မိတ်ဆွေများအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်ရှင်.... နောက်များလဲ အချိန်ရရင်ရသလိုလာရောက်လည်ပတ်နိုင်ပါတယ်..း) ကျန်းမာပျော်ရွှင်သောနေ့ရက်လေးတွေကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်...

Friday, 6 April 2012

♥...အားအင်တခုသို့...♥

Oscar Chitthu | 20:04 | Best Blogger Tips
မြတ်နိုးမူတခုအတွက်
ရယ်မောလျှက်လှောင်ပြောင်ပါ
ကြင်နာမူတခုအတွက်
စိမ်းစိမ်းကားကားပစ်ပယ်ပါ
နာကြင်ဒဏ်ရာအတွက်
ရှင်လျှက်နဲ့သေအောင်
သတ်ခဲ့တဲ့လက်တစ်စုံရေ...
စစ်မောင်းသံကြားရုံနဲ့
ဒူးတုန်နေတတ်ခဲ့တာပါ..
အရာရာကျရူံးခဲ့တဲ့လူငယ်အတွက်
လောကရဲ့မာယာက
ရေနစ်သူကိုဝါးကူထိုးတယ်

တောင်းပန်စကားတစ်ခွန်းတော့ဖွင့်ဟခွင့်ပြုပါလေ


မဖိတ်ခေါ်ခဲ့ဘဲလှမ်းဝင်ခဲ့
မနှင်ခဲ့ပါဘဲပြန်ထွက်သွားခဲ့တဲ့
အနီးဆုံးကအဝေးဆုံးချစ်သူ
မင်းဘဝသာယာပါစေလို့..
အဝေးတစ်နေရာကငါဆုတောင်း
ကြယ်ကြွေညတိုင်းမင်းအတွက်
ငါ....သံစဉ်တွေတီးခတ်ပေးနေမယ်..

ဟိုးးးးးဝေးဝေးက
ထာဝရအသက်တာငါမလိုချင်ဘူး..
ဒီဘဝနဲ့ဒီခန္ဓာမြဲသရွေ့
အနားမှာရှိနေချင်ရုံပါ...
အနာဂတ်ကိုအဆိတ်ခတ်ဖို့
မင်းလက်တွေ...
ဘယ်လိုတောင်းဆုနဲ့မင်းပြည့်ခဲ့လေသလဲ

နရံတဘက်ခြားက
မင်းနဲ့ငါ................

ငါလေ...ဘယ်လိုကန့်လန့်ကာကိုမှအမူမထားခဲ့တာပါ

တားမြစ်တဲ့အဆိပ်သီးတောင်
လူသားတို့စားခဲ့ကြတာဘဲ
မင်းနဲ့ငါကကော
ဆွတ်ခူးဖို့အင်အားယုတ်လျော့လေသလားလေ
မင်းအင်အားနဲ့ဆို
ငါ့ကမ္ဘာမှာဧဒင်ဥယျဉ်မလိုအပ်ပါဘူး
ညီမျှခြင်းချလို့မရတဲ့ငါတို့ပုဒ်စ္ဆာမှာ
ငါတို့ကြိုးစားတွက်ချက်ခဲ့သလား

ချစ်သူကိုချစ်တတ်ရုံနဲ့
လောကကိုလက်ခမောင်းခတ်ချင်တဲ့ကျွန်တော်
အဲ့ဒီပညတ်တွေကြားမှာ
အလဲလဲအကွဲကွဲရူံးနိမ့်ခဲ့ရတယ်....

ထွက်ပေါက်ဆိုတာရှာလေဝေးလေ
သန်းခေါင်ယံကညဥ့်နက်ကြယ်
အလင်းမဲ့သွားတာလေ.................

သားငယ်လေး

No comments:

Post a Comment