Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ ရဲ့ Blogspot လေးကို လမ်းကြုံလို့ပဲဖြစ်ဖြစ် တကူးတက လာရောက်လည်ပတ်ပေးတာပဲဖြစ်ဖြစ် သူငယ်ချင်းများနဲ့မိတ်ဆွေများအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်ရှင်.... နောက်များလဲ အချိန်ရရင်ရသလိုလာရောက်လည်ပတ်နိုင်ပါတယ်..း) ကျန်းမာပျော်ရွှင်သောနေ့ရက်လေးတွေကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်...

Friday, 6 April 2012

♥...ချစ်သောသခင်ရေ...♥

Oscar Chitthu | 19:58 | Best Blogger Tips
ချစ်သောသူရေ....
မင်းအပြုံးတစ်ပွင့်နဲ့လင်းလက်စေ
လောကရဲ့သစ်ရိပ်ညိုမှာ
အမှောင်ဆိုးတို့ကင်းစေကွယ်..

သံသရာထဲကခရီးဖော်
မနွမ်းသောအားအင်တို့နှင့်
ရင်မှချစ်ခြင်းတို့လဲ
လန်းစွင့်နိုင်စေကွယ်

အကျွန်သည်ကား
နတ္ထိတို့နှင့်ပြည့်စုံသော
လောကရဲ့မာယာကြားမှ
လူအန္ဒသာတည်း....

စွဲလန်းဖူးသောချိုမြအပြုံး
အပြစ်ကင်းသောသခင်မျက်ဝန်းနှင့်
မထိုက်တန်သောအကျွန်လူသားအား
သတိတရရှိခဲ့ဖူးလျှင်

စွန့်လွှတ်ရကျိုးနပ်ခဲ့ပါပြီလေ....

ညဉ့်ယံကိုဖေါက်
အာရုဏ်အလင်းသောက်တွင်
သခင့်အပြုံးတချက်အောက်မေ့
လင်းချင်းနိုးထခွင့်သာရလိုပါသည်

အကျွန်ချစ်သောသခင်ခွင့်ပြုနိုင်စေသားလေ....

သားငယ်လေး

No comments:

Post a Comment