Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ ရဲ့ Blogspot လေးကို လမ်းကြုံလို့ပဲဖြစ်ဖြစ် တကူးတက လာရောက်လည်ပတ်ပေးတာပဲဖြစ်ဖြစ် သူငယ်ချင်းများနဲ့မိတ်ဆွေများအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်ရှင်.... နောက်များလဲ အချိန်ရရင်ရသလိုလာရောက်လည်ပတ်နိုင်ပါတယ်..း) ကျန်းမာပျော်ရွှင်သောနေ့ရက်လေးတွေကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်...

Monday 28 May 2012

♥...အစားထိုးမရတဲ့အချစ်...♥

❤ OSC@R ❤ | 03:34 | Best Blogger Tips
လစ်ဟာနေတဲ့ ရင်ခွင်တစ်စုံမှာ
အလွမ်းတွေနဲ့ အနားသတ်ထားမှတော့
မျက်ရည်ဆိုတာ ငါ့အတွက်
အဖော်မွန်ကောင်း တစ်ခုဖြစ်နေခဲ့ပေါ့
မင်း ကိုယ့်ကိုထားခဲ့လိုက်(မေ့လိုက်)တော့နော်တဲ့
အဲဒီစကားတစ်ခွန်း ပြောအပြီး
နင်လည်းငါ့ကိုမေ့ပစ်နိုင်ခဲ့မယ်ဆိုရင်
ဟန်ဆောင်တဲ့စိတ်နဲ့ ငါနင့်ကိုမေ့ပစ်ပေးခဲ့မိပါရဲ့
ဒါပေမဲ့ဟာ.....
နင်ရောငါရော ချစ်ခြင်းနဲ့ နှောင်ဖွဲ့ထားတဲ့
သံယောဇဉ်ကြိုးလေးတစ်မျှင်ကို
အလွယ်တကူ ဖြတ်တောက်ပစ်ဖို့
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ....?
တစ်ချိန်က ထားရှိခဲ့တဲ့ကတိစကားတွေကိုရော
နင်အလွယ်တကူ ချေဖျက်နိုင်ခဲ့လို့လား...?
ကဲပါလေ........
ကံစေရာအတိုင်းသာ ငါတို့နှစ်ယောက်
ခုအချိန်မှာဝေးခဲ့ရမယ်ဆိုရင်တောင်
တစ်ချိန်ချိန်မှာ ပြန်ဆုံစည်းနိုင်ခွင့်နဲ့အတူ
တစ်ဘ၀စာအမှတ်တရတွေနဲ့
နင့်ရှိတဲ့အရပ်ဆီ ငါ့ရဲ့စိတ်ဝိဥာဉ်ကို
အပြီးတိုင်လာရောက် နားခိုခွင့်ပြုခဲ့ပါရစေ
အဲဒါဘာလို့လဲသိလား....
ဒီကမ္ဘာမှာ နင်ကလွဲပြီး 
ဘယ်သူ့ကိုမှ ငါနှလုံးသားထဲ
အစားထိုးဝင်ရောက်ခွင့်မပေးနိုင်ခဲ့လို့ပဲ......။

Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ








No comments:

Post a Comment